မီးပွိုင့်မှာ ဘောလုံးစကေး ထုတ်ပြရင်း ကလပ်အသင်းကြီးတစ်ခုနဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့ ပါရမီရှင်လူငယ်လေး

မီးပွိုင့်မှာ ဘောလုံးစကေး ထုတ်ပြရင်း ကလပ်အသင်းကြီးတစ်ခုနဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့ ပါရမီရှင်လူငယ်လေး

 

အသက် ၁၄ နှစ်ရှိ Ivan Genes ကတော့ အရင်တုန်းက ပိုက်ဆံရဖို့ မီးပွိုင့်တစ်ခုမှာ သူ့ရဲ့ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်မှု ပညာတွေကို ထုတ်ပြနေခဲ့ဖူးပါတယ်။

အဲဒါကို မော်တော်ဆိုင်ကယ်သမားတစ်ဦးက ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ပါရာဂွေး ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ Guarani ဆီ Ivan တစ်ယောက် ရောက်ခဲ့ပါတော့တယ်။

ပါရာဂွေးချန်ပီယံ ၁၁ ကြိမ်ထိ ရထားခဲ့တဲ့ ကလပ်အသင်းကြီးဖြစ်တဲ့ Guarani နဲ့ ချိတ်ဆက်နိုင်မယ့် တံခါးတွေကို ဖွင့်ပေးခဲ့သူကတော့ Ivan ရဲ့ အေဂျင့်ဖြစ်တဲ့ ဘရာဇီးနိုင်ငံသား Regis Marquez ဖြစ်ပါတယ်။

ခုဆိုရင် အသင်းသစ်မှာ ဂိုးတစ်ဂိုးသွင်းတိုင်း Ivan ကို ၂၅ ယူရိုပေးမယ်လို့ သူ ကတိပေးထားပါတယ်။ Ivan Genes ဟာဆိုရင် Asuncion မြို့လယ်ခေါင်မှာ ဖိနပ်တိုက်တဲ့အလုပ်ကို လုပ်ခဲ့ပေမယ့် ပါရာဂွေးနိုင်ငံရဲ့မြို့တော် ဆင်းရဲသားရပ်ကွက်တစ်ခုမှာ နေတဲ့ သူ့အမေနဲ့ သူ့ညီအကိုမောင်နှမတွေအတွက် ငွေလုံလုံလောက်လောက် ရှာမပေးနိုင်ခဲ့ပါဘူး။

အဲဒီနောက်မှာတော့ သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှု ထုတ်ပြဖို့ အိုင်ဒီယာ ရသွားခဲ့ပါတယ်။ နာမည်ကျော်ဘောလုံးသမား ရော်နယ်ဒင်ဟို ယူကျူ့မှာ ပြသခဲ့သမျှကို သဘောကျနှစ်ခြိုက်နေသူဖြစ်တဲ့အလျောက် Ivan ကလည်း ဘောလုံးကို သူ့ ဂုတ်ပိုးမှာ ထိန်းပြတာ၊ ဘောလုံးထိန်းထားရင်းနဲ့ အကျီလှန်ပြတာ လက်နောက်ပစ်ပြတာ စတဲ့ ထူးခြားတဲ့အကွက်ဆန်းတွေကို ပြသခဲ့ပါတယ်။

" ကျွန်တော့်အိမ်မက်က ရီရဲလ်မက်ဒရစ်က ရိုနယ်ဒို ဒါမှမဟုတ် PSG က နေမာ လိုမျိုး နာမည်ကျော် ဘောလုံးသမား ဖြစ်ချင်ပါတယ်" လို့ Ivan က အေအက်ဖ်ပီ သတင်းထောက်ကို ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags