ရန်ကုန်ရေကြောင်းဘတ်စ်၏ လှိုင်ဆိပ်ကမ်းကြောင့် ကုန်တင်ကုန်ချလုပ်ငန်း မလည်ပတ်နိုင်ဖြစ်နေဟု ဆို

ရန်ကုန်ရေကြောင်းဘတ်စ်၏ လှိုင်ဆိပ်ကမ်းကြောင့် ကုန်တင်ကုန်ချလုပ်ငန်း မလည်ပတ်နိုင်ဖြစ်နေဟု ဆို
ဓာတ်ပုံ - Yangon Water Bus

 

ရန်ကုန်၊နိုဝင်ဘာ၁၁ ။                ။ လှိုင်ဆိပ်ကမ်းတွင် မူလလုပ်ကိုင်နေသည့် ကုန်တင်ကုန်ချအလုပ်သမားများအနေဖြင့် ရန်ကုန်ရေကြောင်း ဘတ်စ်၏ ဆိပ်ခံတည်ဆောင်ပြီးနောက်ပိုင်း ၃လခန့် လုပ်ငန်းမလည်ပတ်နိုင်ခြင်းဖြစ်နေကြောင်း လှိုင်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦးကြည်သိန်းက ဆိုသည်။

ရန်ကုန်ရေကြောင်းဘတ်စ်အတွက် ၂၀၁၇ ဇွန်လတွင် ဆိပ်ကမ်းအာဏာပိုင်နှင့် တင့်တင့်မြန်မာကုမ္ပဏီတို့ ပူးပေါင်းကာ လှိုင်ဘူတာရုံလမ်းရှိ ဆိပ်ကမ်းကို စတင်တည်ဆောက်ချိန် လှိုင်ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ လုပ်ငန်းအတွက် သင်္ဘောများ ဆိုက်ကပ်နိုင်သေးသော်လည်း နှစ်ပတ်ကြာမှစတင်ကာ သင်္ဘောများ လျော့နည်း သွားရသည်ဟု ဦးကြည်သိန်းက ပြောသည်။

"သူတို့လုပ်ငန်းစပြီးလို့ နှစ်ပတ်လောက်အတောတွင်းမှာပဲ ဒီကုန်တင်ကုန်ချသင်္ဘောတွေဟာ တစ်နေ့ကို ၆ စီး လောက်ကပ်နေတဲ့သင်္ဘောတွေဟာ သူတို့လုပ်ငန်းလည်း စလိုက်ရော။  ၆ စီးလောက်ကပ်ရာကနေ ၂စီးသုံးစီးပဲ ကပ်တော့တယ်။ ဘာလို့ဆိုတော့ တိုင်တွေရိုက်တာနဲ့ အခက်အခဲရှိတော့ သူတို့မကပ်ချင်တော့ဘူးပေါ့ဗျာ"ဟု လှိုင်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦးကြည်သိန်းက ပြောသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ၂၀၁၇ ဇူလိုင်လတွင် ကူးတို့ကိုယ်စားလှယ်၊ တင့်တင့်မြန်မာကုမ္ပဏီ၊ ဆိပ်ကမ်းအာဏာ ပိုင်နှင့် သဘောင်္ကိုယ်စားလှယ်တို့ အစည်းဝေးလုပ်ခဲ့ကာ ဆိပ်ခံတံတားတစ်စင်းတည်ဆောက်ပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း ဦးကြည်သိန်းက ပြောသည်။

သို့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် မြို့နယ်ထွေအုပ်၊ ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်တို့ ထံ စာဖြင့်တင်ပြခဲ့သည်။

"Water Bus လုပ်ငန်းက သင်္ဘောဆိပ်ကမ်းဖွင့်သွားတဲ့အခါကျတော့ ကျွန်တေ်ာတို့ ကုန်တင်ကုန်ချ သင်္ဘော တွေက တစ်စီးမှကပ်လို့မရတော့ဘူး အဲလိုဖြစ်သွားတာ ၃လရှိသွားပြီ တံတားထိုးပေးပါ့မယ် ဆိုပြီး မထိုးပေးခဲ့ဘူး"ဟု လှိုင်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းမှ ဦးကြည်သိန်းက ပြောသည်။

သင်္ဘောများဆိုက်ကပ်နိုင်ခြင်းမရှိတော့၍ ကုန်တင်ကုန်ချအလုပ်သမားများအနေဖြင့် ကြံုရာအလုပ်များ လက်ရှိတွင် လုပ်ကိုင်နေရပြီး  မူလက အလုပ်သမားများသည် ယခင်အလုပ်လုပ်ကိုင်စဉ်က တစ်နေ့ဝင်ငွေ တစ်ယောက်တစ်သောင်းကျပ်ကျော် ရရှိနေခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် သတင်းးစာရှင်းလင်းပွဲပြုလုပ်ကာ တံတားအသစ်တစ်စင်းထိုးပေးရန် တံတားထိုးရာမှာမလွတ်သည့် အုပ်ခုံကို ဖျက်သိမ်းပေးရန်၊ ဆိပ်ကမ်းသို့ လာရောက်ကပ်ခြင်းမရှိသည့် သင်္ဘောများကို ပြန်ကပ်စေပြီး လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့်ပေးရန် တို့ကို တောင်းဆိုသွားရန်ရှိနေသည်။

နောက်အဆင့်အနေဖြင့် ဆိပ်ကမ်းအာဏာပိုင်နှင့် တင့်တင့်မြန်မာကုမ္ပဏီအား တရားစွဲဆိုသွားမည်ဖြစ်ပြီး လွှတ်တော်ထဲနှင့် နိုင်ငံတော်အတိုင်ပင်ခံအထိသိရှိစေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ရန်ကုန်တိုင်းအစိုးရ၏ Water Bus စီမံကိန်းအပေါ် ကန့်ကွက်ခြင်းမရှိဘဲ လုပ်ငန်းလည်ပတ်နိုင်ရန် တောင်းဆိုခြင်းသာဖြစ်သည်ဟုလည်း ဦးကြည်သိန်းက ပြောသည်။

လှိုင်မြို့နယ် ကုန်တင်ကုန်ချလုပ်ငန်းမှာ ၃၈နှစ်ကြာလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ရုံးခန်းအား တစ်နှစ် တစ်သိန်းရှစ်သောင်း အခွန်ပေးဆောင်ကာ တည်ဆောက်ထားသည်ဟုလည်း ဆိုသည်။

ရန်ကုန်ရေကြောင်းဘတ်စ်ကို ဧပြီလတွင် တင်ဒါအောင်မြင်ခဲ့ကာ နိုဝင်ဘာတွင် စတင်ပြေးဆွဲခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly