အောင်မင်္ဂလာအဝေးပြေးရှေ့တွင် ကွန်တိန်နာယာဉ်အား ကားလေးမှ ဝင်တိုက်

အောင်မင်္ဂလာအဝေးပြေးရှေ့တွင် ကွန်တိန်နာယာဉ်အား ကားလေးမှ ဝင်တိုက်
ဓာတ်ပုံ-ထင်လင်းအောင်

 

ရန်ကုန်၊ နိုဝင်ဘာလ ၁၁ ။                  ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကွင်း ထွက်ပေါက်ထိပ်အနီးတွင် ကွန်တိန် နာယာဉ်အား ကားလေးမှ နောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ကားလေးအတွင်း ယာဉ်မောင်းဖြစ်သူမှာ ညှပ်မိနေခဲ့ကြောင်း သိရသည်။

“ မနက် ၅ နာရီခွဲကျော်အချိန်ပေါ့။ ကွန်တိန်နာကားက ရှေ့ကသွားနေတဲ့အချိန် အသီးအနှံတွေတင်လာတဲ့ ကားလေးက နောက်က ဝင်တိုက်လိုက်တယ်။ ကားလေးက ယာဉ်မောင်းက ကားထဲမှာ ညှပ်နေတယ်။ အနီး မှာရှိတဲ့ ပြည်သူတွေကပဲ ဝိုင်းထုတ်ပေးလိုက်တယ်ပြောတယ်။ ကျွန်တော်တို့ကတော့ မမီလိုက်ဘူးဗျ။ ကျွန်တော်တို့ကတော့ ကားအသေးက ရှေ့ပိုင်းက တိုက်ထားတာဖြစ်တဲ့အတွက် ဝါယာရှော့ဖြစ်မှာစိုးလို့ ကားသော့ဖြုတ်တယ်။ ဘတ်ထရီအိုးခေါင်းဖြုတ်ပေးခဲ့တယ်”ဟု ကိုထင်လင်းအောင်က ယာဉ်တိုက်မှု အခြေ အနေကို ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ကားလေးအတွင်းမှ ယာဉ်မောင်းဖြစ်သူအား ပတ်ဝန်း ကျင်ရှိ သူများမှ အချိန်မီ မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးကြောင်း၊ အခြားထိခိုက်ဒဏ်ရာများ မရှိကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly