ကျုံပျော်ရှိ တရားမဝင်ခရစ်ယာန်အဖွဲ့အစည်းအတွက် လုပ်အားခမရဘဲ အလုပ်လုပ်ကိုင်ပေးနေရမှုများ ရှိနေ

ကျုံပျော်ရှိ တရားမဝင်ခရစ်ယာန်အဖွဲ့အစည်းအတွက် လုပ်အားခမရဘဲ အလုပ်လုပ်ကိုင်ပေးနေရမှုများ ရှိနေ
ဓာတ်ပုံ-လှည်းဆိပ်ကျေးရွာ၊ ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာယမိသားစုဟု ဆိုသည့်နေအိမ်အား နိုဝင်ဘာလ ၁၀ ရက်က တွေ့ရစဉ်။

 

ပုသိမ်၊ နိုဝင်ဘာ ၁၁ ။                    ။ ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာတွင် ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာယများအဖွဲ့တွင် လူငယ်များ လုပ်အားခများ ရရှိခြင်းမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူးရေးလုပ်ငန်းနှင့် ဆိုင်လုပ်ငန်းများတွင် လုပ်ဆောင်ပေး ရပြီး လုပ်ခများ ရရှိခြင်းမရှိကြောင်း တက်ရောက်ခဲ့သူအချို့က ပြောသည်။

"ဘုရားကျွေးတယ်ဆိုပြီး စင်္ကာပူမှာ သွားအလုပ်လုပ်တဲ့ ကလေးတွေဆီမှာ တောင်းတယ်။ ဟိုက ပေးလိုက် တယ်၊ သင်တန်းသားတွေ ဓာတ်ပုံကို တင်လိုက်တယ်။ ဝိညာဉ်ညီအစ်ကိုမောင်နှမဆိုပြီး သင်တန်းသားတွေ အများကြီးပဲ ဆိုပြီး ဟိုက ပိုက်ဆံ ပို့လိုက်တယ်။ CB ဘဏ်မှာပဲ  တစ်လကို သိန်းရာချီတယ်၊ ဘာလို့တက်လဲဆို ကျွန်မ သမီးက ပြောတယ်။ မိုးရယ် သွားတက်ကြည့်ဆိုပြီး ဘာတွေထွေထူးရှိလဲဆိုပြီး သွားတက်ကြည့်တာ။ အတွင်းကိစ္စကိုလည်း သိချင်လို့သွားတက်ကြည့်တာ။ နေပုံစားပုံ မဟုတ်တာ တွေ့ရတာပေါ့ ။ ၊ရက် ၄၀ သင်တန််းပြီးရင် ဆည်းကပ်ရတယ်ဆိုပြီး လူခွဲပြီး အလုပ်သွားလုပ်ရတာတွေရှိတယ်”ဟု ရက် ၄၀ သင်တန်း တက်ရောက်ခဲ့သည့် ကျံုပျော်မြို့နယ် နော်သင်းလှက ပြောသည်။

ကျံုပျော်မြို့နယ်၊ မရမ်းချောင်းကျေးရွာနေ နော်သင်းလှက ၎င်းသင်တန်းသို့သွားတက်ရောက်ခဲ့ပြီး သင်တန်းမှာ ထူးခြားမရှိကြောင်းနှင့် သင်တန်းပြီး အလုပ်သွားရောက်လုပ်ပေးရကြောင်း သင်တန်းတက်ရန် သမီးဖြစ်သူက စင်္ကာပူမှ လှမ်းပြောခြင်းဖြစ်ကာ သမီးဖြစ်သူမှာ စင်္ကာပူပြန်လာပြီး သင်တန်းတက်ပြီး ယခုအချိန်အထိ အဆက်အသွယ်မရ ဖြစ်နေသည်။

ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ မန်းဖိုးကြူ နေအိမ်တွင် ခရစ်ယာန်ဘာသာဝင်တချို့ ဦးဆောင်ပြီး ခရစ်ယာန်ဘာသာကို ပျက်စီးရာပျက်စီးကြောင်း လုပ်ကိုင်နေကြောင်း  ကျံုပျော်တရားရုံးသို့ ဦးတိုက် လျှောက်ထားတိုင်ကြားမှုရှိကြောင်း သိရပြီး တက်ရောက်သူအချို့က ယင်းသို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

မန်းကျော်စိုး ထူထောင်ထားသည့် ခရစ်ယာန် ကျမ်းစာသင်တန်းပေးခြင်းများ ပြုလုပ်နေပြီး၊ တချို့ သင်တန်းသား/သူများသည်  မိဘညီအစ်ကို မောင်နှမ နေအိမ်သို့ ပြန်ရန် လာရောက်ခေါ်ဆောင်ရာတွင် ပြန်လည်လိုက်လိုခြင်းမရှိကြောင်း သိရသည်။

သင်တန်းတက်ရောက်သူများ နေထိုင်စားသောက်စရိတ်များအား ခရစ်တော်မိသားစုဝင်များ စုပေါင်းထည့်ဝင် ကျခံတာဖြစ်ပြီး မိသားစုဝင်များ လုပ်ခခေါင်းပုံဖြတ်တာမျိုးမလုပ်ကြောင်း မိသားစုဝင်များ လစာများ လုပ်ငန်းများရငွေများနှင့် လည်ပတ်နေကြောင်း အပြင်မှာရော လူမှုစာမျက်နှာသိရှိသလိုမဟုတ်ကြောင်း ခရစ်တော်ရဲ့တပည့်တော်များ မိတ်သဟာ အဖွဲ့ဝင် နန်းနီလာထွန်းက ပြန်လည်ငြင်းဆိုခဲ့သည်။

"ကျွန်မဆိုလည်း လစာရော၊ ဆိုင်တွေက ရတာတွေရော ၊ ကျွန်မမောင်လေးဆိုလည်း သူရတဲ့ လစာတွေကို ထည့်ဝင်ထားတယ် ။ ကျွန်မတို့ အမာခံရပ်တည်နိုင်တဲ့ မိသားစုဆို မရှိဘူးဆို ၃၀၊ ၄၀ လောက် ရှိမယ်၊ပေါက်ခေါင်းဆို ကျွန်ညီမလေးဆို အိမ်ဆောက်ပစ္စည်းဆိုင်ရှိတယ်။ ဝင်ငွေကောင်းတဲ့ ငါးကန်တွေရှိတယ်။ ကျွန်မကလေးတစ်ယောက်ဆို သွားဆရာဝန်ဖြစ်တယ်။ ဆေးခန်းဝင်ငွေရှိတယ်။  နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မိသားစုမှာ ဒေါ်လာစားရတာရှိတယ်၊ဒေါ်လာစားလို့ပြောလို့ ကလေးတွေလစာ လုံးဝမပါဘူး၊ အိမ်ဖော်သွား လုပ်တဲ့ ကလေးမလေးတွေ လစာ ကျွန်မတို့ခေါင်းပုံဖြတ်ပြီး ဒီမှာသုံးတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ အဲဒီ လူတန်းစားဆိုတာ ကျွန်မတို့ကို  ပိုက်ဆံမပေးနိုင်တဲ့လူတန်းစား မဟုတ်ဘူး”ဟု ဒေါ်နီလာထွန်းက ပြောသည်။

၂၀၁၆ ခုနှစ်က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်မှ သစ်တောဝန်ထမ်းတစ်ဦး၏ သမီး ဖြစ်သူအား ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာမှာရှိတဲ့ ဦးဖိုးကြူနေအိမ်မှာ သင်တန်းတက်ရောက်ခဲ့ပြီး၊ နေရပ်ပြန်ရန် သွားရောက်ခေါ်ဆောင်ရာ ပြန်မလိုက်ဘဲ နေခဲ့သည့်အတွက် အထောင်နယ်မြေရဲစခန်းတွင် သက်ဆိုင်ရာမိဘများက ရဲစခန်းတွင်  ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ခဲ့သည်။

“ ကြာပြီ။  အိမ်ကိုလည်း ပြန်မထောက်ပံ့တော့ဘူး။ အလုပ်ကလည်း သူတို့အလုပ်တော့လုပ်ရတဲ့တချို အိမ်က လာခေါ်ရင် ပြန်မလိုက်တာမျိုးများရှိပြီး သူတို့ အလုပ် လုပ်ရတာ လုပ်ခရတာ မရှိဘူး ထမင်းစားကျွန်ခံဖြစ်နေတဲ့ ထွက်ပြေးတာမျိုးတွေရှိတယ် ။ အလုပ်လုပ်ရတာ စိုက်ခင်းတွေ၊ ငါးမွေးကန်တွေဆိုင်တွေမှာ လုပ်ရတာတွေ ရှိတယ်” ဟု ကျံုပျော်မြို့နယ်တရားရုံးတွင် ပုဒ်မ၂၉၅ ဖြင့် တရားစွဲထားသည့် မန်းထောင်းစိန် က ပြောသည်။

နော်သင်းလှ၏ သမီးဖြစ်သူမျာ ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယခုထိ အဆက်အသွယ်ရတော့ဘဲ မိုးညှင်းဘက်တွင် အလုပ်သွားရောက် လုပ်ကိုင်နေကြောင်းသာ သတင်းကြားရတော့သည်ဟု ဆိုသည်။

“ ကျွန်မသမီးအငယ်ဆို အခုဆို ဘယ်ရောက်နေမှန်း မသိဘူး။  ၂၀၁၆ က ဖုန်းတစ်ခါဆက်တယ်။ သူ ဆည်းကပ်ရမယ် ဆိုပြီးတော့ မိုးညှင်းသွားတာ အခုထိလည်း အဆက်အသွယ်မရဘူး။  ဆည်းကပ်တယ်ဆိုတာ အလုပ်လုပ်တာပါ ။ တချို ့လယ်တွေမှာ လုပ်ရတယ်၊ ဆိုင်တွေမှာလည်း အလုပ်လုပ်ရတယ် ။ မိဘတွေကို ပြန်ထောက်ပံ့တာမျိုးလည်း မရှိတော့ဘူး”ဟု ကျုံပျော်မြို ့နေ နော်သင်းလှက ၄င်းသမိီး နှင့်အဆက်အသွယ် မရရှိမှု အခြေအနေအား ပြောသည်။

လှည်းဆိပ်ကျေးရွာ၊ ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာယမိသားစုတွင် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသား၊ အမျိုးသမီးများ အများဆုံးတွေ့ရပြီး၊ လသားအရွယ်များ အသက်ကြီးသူအချို့တွေ့ရသည်။

ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာယမိသားစု အား၂၀၁၁ခုနှစ်တွင် ကျံုပျော်မြို့နယ်၊ အထောင်တွင် စတင်ပြုလုပ်ခဲ့ပြီး၊ယခုအခါ ကျံုပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာတွင် ရက် ၄၀ သင်တန်းများ  ပြုလုပ်နေခြင်း ဖြစ်သည်။

သင်တန်းသားများ ဧရာဝတီတိုင်း၊ ကချင်၊ ကယား၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ သင်တန်းတက်ရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် အစွန်းရောက်ဂိုဏ်း ထူထောင်သူ မန်းကျော်စိုး ပါ ၆ ဦး ဦးစီးသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အား ခွင့်ပြုထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တရားစွဲဆိုခံထားရသူများမှာ မန်းဖိုးကြူ ခေါ် ဦးဉာဏ်ထွန်းဇော်၊ မန်းကျော်စိုး၊ နန်းနီလာထွန်း၊ မန်းဝင်းမြင့် ခေါ် အရှည်ကြီး၊ နန်းတင့်မူ နှင့် မန်းဝင့်ဝါတို့ ဖြစ်သည်။

ကျံုပျော်မြို့နယ်တွင် တရားမဝင် ထူထောင်ထားသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့ ၏ သင်တန်းကိုသာ စောင့်ကြည့်နေပြီး အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များကိုမူ တိုင်းအစိုးရမှ စစ်ဆေးအရေးယူမည် ဟုသာ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly