ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးသွင်းအများဆုံး ပူးတွဲကစားသမား လူကာကူဖြစ်လာ

ဘယ်လ်ဂျီယံအသင်းအတွက် ဂိုးသွင်းအများဆုံး ပူးတွဲကစားသမား လူကာကူဖြစ်လာ

 

နိုဝင်ဘာ ၁၁၊ ဘယ်လ်ဂျီယံ ။                ။ မက္ကဆီကိုနှင့်သုံးဂိုးစီသရေကျသည့်ခြေစမ်းပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးလူကာကူသည် ဘယ်လ်ဂျီယံအသင်း၏ ဂိုးသွင်းအများဆုံး ပူးတွဲကစားသမားဖြစ်လာခဲ့သည်။

အသက် ၂၄ နှစ်အရွယ် လူကာကူအနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းအတွက်သွင်းဂိုး ၃၀ ပြည့်သွားပြီဖြစ်ပြီး ပေါလ်ဗန်ဟင့်စ်နှင့် ဘားနတ်ဗောဟုဖ်တို့၏ စံချိန်ကိုလိုက်မီသွားခဲ့သည်။

ဘယ်လ်ဂျီယံအသင်းတွင် အားအထားရဆုံးနောက်တန်းကစားသမားသုံးဦးပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသဖြင့် ခံစစ်အားနည်းခဲ့ပြီး မက္ကဆီကိုအသင်းနှင့် သုံးဂိုးစီသရေကျခဲ့ရသည်။

ဘယ်လ်ဂျီယံအတွက် ဂိုးများကို ဟာဇက်က တစ်ဂိုးနှင့် လူကာကူကနှစ်ဂိုးသွင်းခဲ့ပြီး မက္ကဆီကိုအတွက်မူ ဂွာဒါဒိုကတစ်ဂိုး၊ လော့ဇာနိုက နှစ်ဂိုးသွင်းခဲ့သည်။

မာတီနက်ဇ်၏ ဘယ်လ်ဂျီယံအသင်းသည် အင်္ဂါနေ့တွင် ဂျပန်အသင်းနှင့်ကစားမည်ဖြစ်ပြီး မက္ကဆီကိုမှာ ပိုလန်နှင့်အဝေးကွင်း၌ ကစားမည်ဖြစ်သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly