မန္တလေးတိုင်းအတွင်း တရားမဝင်သစ်သယ်ယူမှုများအား စစ်ဆေးဖမ်းဆီးခြင်း အရှိန်မြှင့် လုပ်ဆောင်နေ

မန္တလေးတိုင်းအတွင်း တရားမဝင်သစ်သယ်ယူမှုများအား စစ်ဆေးဖမ်းဆီးခြင်း အရှိန်မြှင့် လုပ်ဆောင်နေ
(ဓာတ်ပုံ၊သစ်တောဦးစီးဌာန)

မန္တလေးတိုင်းဒေသကြီးအတွင်း ပွင့်လင်းရာသီနှင့် ရက်ရှည်ရုံးပိတ်ရက်များတွင် တရားမဝင် သစ်သယ်ယူမှုများ ပိုမိုလုပ်ဆောင်နိုင်သောကြောင့် မြို့ဝင်၊မြို့ထွက်များတွင် စစ်ဆေးဖမ်းဆီးမှုများကို အရှိန်မြှင့် လုပ်ဆောင် နေသည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

သစ်မှောင်ခိုသယ်ယူနေသူအများစုသည် ရက်ရှည်ရုံးပိတ်ရက်များဖြစ်သည့် သီတင်းကျွတ်လနှင့် တန်ဆောင်တိုင်လများ၌ အခွင့်ကောင်းယူ၍ တရားမဝင်သစ်များ သယ်ယူခဲ့ကြသဖြင့် ယခုလို မြို့ဝင်၊မြို့ထွက်များတွင် အရှိန်မြှင့်တင် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

"အခါကြီးရက်ကြီးတွေမှာ ၀န်ထမ်းတွေက ရုံးပိတ်ရက်နေရပ်ပြန်ကြတာသိလို့ အခွင့်ကောင်းယူပြီး တရားမဝင်သစ်တွေ သယ်ကြမယ်ဆိုတာ ခန့်မှန်းလို့ ရုံးချုပ်ကလည်း ဒီရက်တွေနဲ့ ပွင့်လင်းရာသီမှာ အထူးဂရုစိုက် စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ဌာနက ၀န်ထမ်းတွေအနေနဲ့ အားလက်ရက် မပြန်ကြဘဲ စစ်ဆေးမှုတွေလုပ်နေတော့ ဖမ်းမိ ခဲ့ပါတယ််။"ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် မန္တလေး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊မြင်းခြံတို့၌ သစ်တန်ချိန်စုစုပေါင်း ရ၈ ဒဿ မ ၄၆၂၇ တန်ကို ကားသုံးစီးနှင့် ရှပ်ပြေးရေယာဉ်တစ်စီးတို့ပေါ်မှဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏မှတ်တမ်းအရသိရသည်။

"ပုံမှန်စစ်ဆေးဖမ်းဆီးမှုတွေလည်း အမြဲလုပ်နေပါတယ်။ ဖမ်းမိတာလည်းရှိပြီး လွတ်သွားတာလည်း ရှိတယ်။ သစ်မှောင်ခိုသယ်ယူနေသူတွေဖမ်းမိဖို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်စေချင်တယ်။"ဟု ညွှန်ကြားရေးမှူး ဦးမြင့်သိန်းကပြောသည်။

မန္တလေးတိုင်းဒေသကြီး သစ်တောဦးဌာနအနေဖြင့် ၂၀၁၇ခုနှစ်၊ဧပြီလမှအောက်တိုဘာလအထိ အမှုပေါင်း ၆၆၅ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး တရားမဝင်သစ်တန်ချိန် ၁၅၇၀ ဒဿ မ ရ၆၅၂ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly