ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
အမျိုးသားတွေမှာ စိတ်ဖိစီးမှုထိန်းချုပ်ခြင်းဆိုတာဘာလဲ ?
စိတ်ဖိစီးမှုက ဘေးရန်ရှိပြီး မျက်မှောက်ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်နေတဲ့အရာတစ်ခုအဖြစ်ရှိနေပါတယ်။ လေ့လာမှုတွေအရ ဒီလိုစိတ်ပိုင်းဆိုင်ရာ နောက်ဆံတင်းမှုတွေ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို၊ ကင်ဆာနဲ့ ကိုယ်ခံအားကျခြင်းတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။
စိတ်ဖိစီးတာဆိုးရွားတဲ့အဆင် ့ကိုရောက်နေတဲ့အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊အပြုအမူလွန်ကခြင်းနဲ့ ဆေးစွဲခြင်းစတဲ့မကောင်းတဲ့ အကျင့်တွေဖြစ်သွားနိုင်ပါတယ်။
ကုသမှုနဲ့ ထိန်းချုပ်မှုကိုနားလည်ခြင်း
- အမျိုးသားတွေမှာ စိတ်ဖိစီးမှုကိုဘယ်လိုကုသလဲ
- ကုသမှုတွေရဲ့ပန်းတိုင်များ
- ကုသမှုနည်းလမ်းများ
- အမျိုးသားတွေမှာ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ရမလဲ ?
- နေထိုင်မှုပုံစံပြောင်းလဲခြင်း
- ဖြေသိမ့်ခြင်း
- စိတ်ဖိစီးနိုင်ချေရှိတဲ့သူတွေအတွက် ကာကွယ်ခြင်း
သတင်းကောင်းကတော့ လူ့ကိုယ်အပေါ် ဆိုးကျိုးဖြစ်စေတဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့နည်းလမ်း အများကြီး ရှိတယ်ဆိုတာပါဘဲ။
- လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
လေ့ကျင့်ခန်းတွေက ကျန်းမာရေးတစ်ခုလုံးကို ကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောငးဆုံး စိတ်အချရဆုံးနဲ့ အကန်အကျအသက်သာဆုံးနည်းဖြစ်ပါတယ်။
- ကဖင်းဓာတ်ကိုကန့်သတ်ချက်ထားပါ
ကဖင်းဓာတ် သောက်သုံးမှုများခြင်းက သင့်ရဲ့အက်ဒရီနယ်ဂလင်းကို အကြီးအကျယ် ဝန်ပိစေတဲ့အတွက် ဖရိုဖရဲတွေဖြစ်ကုန်ပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးတတ်တဲ့ ရာသီလာချိန်မျိုူမှာ ကဖင်းသောက်သုံးခြင်းကို လျှော့ချပေးခြင်းက သင့်အက်ဒရီနယ်ဂလင်းကို အကျိုးပြုပါလိမ့်မယ်။
- ကောင်းကောင်းအိပ်ပါ
အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းက သင့်ကိုစိတ်ကျစေပါတယ်။ တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီထိရှိခြင်းက သင့်ကိုစိတ်ဖိစီးမှု တွေထိန်းချုပ်နိုင်သလို နောက်ထပ်စိတ်ဖိစီးမှုတွေကိုလည်း စီမံနိုင်ပါလိမ့်မယ်။
- တရားထိုင်ပါ
အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကို ပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကိုကျစေပါတယ်။ အောက်ဆီဂျင်ကို မြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။
သင့်အကြိုက်အပေါ်မူတည်ပြီး တရားထိုင်တာ ဘုရားဝတ်ပြုတာတွေ လုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါ လုပ်နိုင်ပါတယ်။
- စိတ်ဖိစီးစေတဲ့အကြောင်းအရင်းကိုဖြေရှင်းပါ
သင့်ကိုစိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းလိုက်တာက သင့်ကိုစိတ်ဖိစီးမှုက လွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့ အရာတွေဆို ဘယ်သူတွေ ဘာဘဲလာ တောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင်လုပ်ပြီး စိတ်မဖိစီးအောင်လုပ်ပါ။
- စိတ်ဖိစီးစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ပါ
မကြာသေးခင်က လေ့လာမှုတွေအရ အမျိုးသားတွေရဲ့စိတ်ဖိစီးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ဖြစ်ပြီးဒါက အမျိုးသမီးတွေထက် ရ ဆ ပိုများတယ်လို့ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အလောတကြီးမဖြစ်ရအောင်ကြိုထွက်တာမျိုးလုပ်ပါ။ စျေးတွေမှာ လူမကြပ်တဲ့အချိန်မျိုးမှ စျေးဝယ်ပါ။ သင့်ကိုဒေါသထွက်စေတဲ့သူတွေနဲ့လည်း ကြာကြာနေတာရှောင်ပါ။
- သင်မပြောင်းလဲနိုင်တဲ့ အရာတွေကို လက်ခံပါ
သင့်ဘဝမှာ သင်ဘယ်လောက်ပဲကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေ ရှိပါတယ်။ ဥပမာ – မိုးရွာအောင် နှင်းကျအောင် ရာသီဥတုကို ကိုယ်လိုသလို မပြောင်းနိုင်တာမျိုးပေါ့။ အဲဒီအစား သင်မပြောင်း လဲနိုင်တဲ့အရာတွေကို နှစ်သ်ကြည့်ဖို့ ကြိုးစားကြည့်ပါ။
- သင်တတ်နိုင်တာထက် ပိုမလုပ်ပါနဲ့။
ကျွန်တော်တို့က ကျွန်တော်တိို့တ်ဖိစီးမှုတွေကို အလွန်အကျွ့လုပ်ခြင်းကြောင့် ကိုယ်တိုင်ဖြစ်စေနိုင်သလို သူဌေးကဘဖြစ်ဖြစ် သူငယ်ချင်းကဘဖြစ်ဖြစ် တောင်းဆိုတာတစ်ခုခုကို မငြင်းတတ်တဲ့အတွက် စိတ်ဖိစီးကြပါတယ်။ ကတိပေးမလွန်ပါနဲ့၊ သင်တတ်နိုင်မယ် ထင်သလောက်ဘဲ အာမခံပါ။
- သင်အကောင်းဆုံး လုပ်နိုင်တာကို အရင်ဆုံးလုပ်ပါ
အရေးအကြီးဆုံး အလုပ်တွေကို အစောပိုင်းလုပ်ခြင်းက သင့်ကို အာရုံပိုစိုက်စေနိုင်ပါတယ်။ ဒါကကျန်ရှိနေတဲ့ တစ်နေ့တာကို သင့်ကိုစိတ်ဖိစီးမှုကင်းစေပြီး တခြားလုပ်ရမဲ့ အရာတွေကို စာရင်းမှတ်ပြီးဆက်လုပ်ပါ။