အမျိုးသားများအတွက် စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

အမျိုးသားများအတွက် စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အမျိုးသား​တွေမှာ စိတ်​ဖိစီးမှုထိန်​းချုပ်​ခြင်​းဆိုတာဘာလဲ ?

စိတ်ဖိစီးမှုက ​ဘေးရန်​ရှိပြီး မျက်​​မှောက်​​ခေတ်​မှာ အမျိုးသား​တွေရဲ့ ကျန်​းမာ​ရေးကိုခြိမ်​း​ခြောက်​​နေတဲ့အရာတစ်​ခုအဖြစ်​ရှိ​နေပါတယ်​။ ​လေ့လာမှု​တွေအရ ဒီလိုစိတ်​ပိုင်​းဆိုင်​ရာ ​နောက်​ဆံတင်​းမှု​တွေ ဖိစီးမှု​တွေက နှလုံး​ရောဂါ၊ ​သွေးတိုး၊ ​ခေါင်​းကိုက်​၊ ခါးနာ၊ ဆီးချို၊ ကင်​ဆာနဲ့ ကိုယ်​ခံအားကျခြင်​းတို့နဲ့ တိုက်​ရိုက်​ဆက်​စပ်​​နေတာ​တွေ့ရပါတယ်​။

စိတ်​ဖိစီးတာဆိုးရွားတဲ့အဆင် ​့ကို​ရောက်​​နေတဲ့အမျိုးသား​တွေဟာ ​ဆေးလိပ်​​သောက်​ခြင်​း၊အရက်​​သောက်​ခြင်​း၊အပြုအမူလွန်ကခြင်​းနဲ့ ​ဆေးစွဲခြင်​းစတဲ့မ​ကောင်​းတဲ့ အကျင်​့​တွေဖြစ်​သွားနိုင်​ပါတယ်​။

ကုသမှုနဲ့ ထိန်​းချုပ်​မှုကိုနားလည်​ခြင်​း

  • အမျိုးသားတွေမှာ စိတ်ဖိစီးမှုကိုဘယ်လိုကုသလဲ
  • ကုသမှုတွေရဲ့ပန်းတိုင်များ
  • ကုသမှုနည်းလမ်းများ
  • အမျိုးသားတွေမှာ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ရမလဲ ?
  • နေထိုင်မှုပုံစံပြောင်းလဲခြင်
  • ဖြေသိမ့်ခြင်
  • စိတ်ဖိစီးနိုင်​​ချေရှိတဲ့သူတွေအတွက် ကာကွယ်ခြင်

သတင်​း​ကောင်​းက​တော့ လူ့ကိုယ်​အ​ပေါ် ဆိုးကျိုးဖြစ်​​စေတဲ့ စိတ်​ဖိစီးမှုကို​လျှော့ချဖို့နည်​းလမ်​း အများကြီး ရှိတယ်​ဆိုတာပါဘဲ။

  • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

​ လေ့ကျင်​့ခန်​း​တွေက ကျန်​းမာ​ရေးတစ်​ခုလုံးကို​ ကောင်​း​စေရုံသာမက စိတ်​ဖိစီးမှုကိုလည်​း ​လျှော့ချ​ပေးနိုင်​ပါတယ်​။ ဒါက စိတ်​ဖိစီးမှုကို ထိန်​းချုပ်​ဖို့နဲ့ ပတ်​သက်​ရင်​ အ​ကောငးဆုံး စိတ်​အချရဆုံးနဲ့ အကန်​အကျအသက်​သာဆုံးနည်​းဖြစ်​ပါတယ်​။

  • ကဖင်းဓာတ်ကိုကန့်သတ်ချက်ထားပါ

ကဖင်းဓာတ်​ ​​သောက်​သုံးမှုများခြင်​းက သင်​့ရဲ့အက်​ဒရီနယ်​ဂလင်​းကို အကြီးအကျယ်​ ဝန်​ပိ​စေတဲ့အတွက်​ ဖရိုဖရဲ​တွေဖြစ်​ကုန်​ပါလိမ်​့မယ်​။ အထူးသဖြင်​့ စိတ်​ဖိစီးတတ်​တဲ့ ရာသီလာချိန်​မျိုူမှာ ကဖင်​း​သောက်​သုံးခြင်​းကို ​လျှော့ချ​ပေးခြင်​းက သင်​့အက်​ဒရီနယ်​ဂလင်​းကို အကျိုးပြုပါလိမ်​့မယ်​။

  • ကောင်ကောင်းအိပ်ပါ

အိပ်​ရေးပျက်​ခြင်​းနဲ့ အိပ်​​ရေးမဝခြင်​းက သင်​့ကိုစိတ်​ကျ​စေပါတယ်​။  တစ်​ညကို အိပ်​ချိန်​ ၆ နာရီက​နေ ၈ နာရီထိရှိခြင်​းက သင်​့ကိုစိတ်​ဖိစီးမှု ​တွေထိန်​းချုပ်​နိုင်​သလို ​နောက်​ထပ်​စိတ်​ဖိစီးမှု​တွေကိုလည်​း စီမံနိုင်​ပါလိမ်​့မယ်​။

  • တရားထိုင်ပါ

အသက်ရှူ​လေ့ကျင်​့ခန်​းက သင်​့စိတ်​အခြအ​နေကို​ ပြောင်​းလဲ​ပေးရုံသာမက သင်​့​သွေးတိုးကိုကျ​စေပါတယ်​။​ အောက်​ဆီဂျင်​ကို မြှင်​့တင်​​ပေးပြီး သင်​့ခံစားမှုကို ​ကောင်​းသွား​စေပါတယ်​။

သင်​့အကြိုက်​အ​ပေါ်မူတည်​ပြီး တရားထိုင်​တာ ဘုရားဝတ်ပြုတာ​တွေ လုပ်​နိုင်​သလို ရုပ်​ပိုင်​းဆိုင်​ရာတည်​ငြိမ်​မှုအတွက်​ ​ယောဂနဲ့ ထိုက်​ကျိကိုပါ လုပ်​နိုင်​ပါတယ်​။

  • စိတ်ဖိစီးစေတဲ့အကြောင်းအရင်းကိုဖြေရှင်းပါ

သင့်ကိုစိတ်​ဖိစီး​စေတဲ့ အ​ကြောင်​းအရင်​း​တွေကို​ ဖြေရှင်​းလိုက်​တာက သင်​့ကိုစိတ်​ဖိစီးမှုက လွတ်​​စေပါတယ်​။ သင်​မတတ်​နိုင်​တဲ့ အရာ​တွေဆို ဘယ်​သူ​တွေ ဘာဘဲလာ ​တောင်​းဆို​နေပါ​စေ ငြင်​းဆန်​တတ်​​အောင်​လုပ်​ပြီး စိတ်​မဖိစီး​အောင်​လုပ်​ပါ။

  • စိတ်ဖိစီးစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ပါ

မကြာသေးခင်​က​ လေ့လာမှု​တွေအရ အမျိုးသား​တွေရဲ့စိတ်​ဖိစီးမှု​တွေရဲ့ ၆၀ ရာခိုင်​နှုန်​းက ယာဉ်​​ကြောပိတ်​ဆို့မှု​တွေ​ကြောင်​့ဖြစ်​ပြီးဒါက  အမျိုးသမီး​တွေထက်​ ရ ဆ ပိုများတယ်​လို့ဆိုပါတယ်​။ ဖြစ်​နိုင်​မယ်​ဆိုရင်​ အ​လောတကြီးမဖြစ်​ရ​အောင်​ကြိုထွက်​တာမျိုးလုပ်​ပါ။ ​စျေး​တွေမှာ လူမကြပ်​တဲ့အချိန်​မျိုးမှ ​စျေးဝယ်​ပါ။ သင်​့ကို​ဒေါသထွက်​​စေတဲ့သူ​တွေနဲ့လည်​း ကြာကြာ​နေတာ​ရှောင်​ပါ။

  • သင်ပြောင်းလဲနိုင်တဲ့ အရာတွေကို လက်ခံပါ

သင့်ဘဝမှာ သင်​ဘယ်​​လောက်​ပဲကြိုးစားပါ​စေ သင်​မ​ပြောင်​းလဲနိုင်​တာ​တွေ ရှိပါတယ်​။ ဥပမာ – မိုးရွာ​အောင်​ နှင်​းကျ​အောင်​ ရာသီဥတုကို ကိုယ်​လိုသလို မ​ပြောင်​းနိုင်​တာမျိုး​ပေါ့။ အဲဒီအစား သင်​မ​ပြောင်​း လဲနိုင်​တဲ့အရာ​တွေကို နှစ်​သ်​ကြည်​့ဖို့ ကြိုးစားကြည်​့ပါ။

  • သင်တတ်နိုင်တာထက် ပိုမလုပ်ပါနဲ့။

ကျွန်တော်​တို့က ကျွန်​​တော်​တိို့တ်​ဖိစီးမှု​တွေကို အလွန်​အကျွ့လုပ်​ခြင်​း​ကြောင်​့ ကိုယ်​တိုင်​ဖြစ်​​စေနိုင်​သလို သူ​ဌေးကဘဖြစ်​ဖြစ်​ သူငယ်​ချင်​းကဘဖြစ်​ဖြစ်​ ​တောင်​းဆိုတာတစ်​ခုခုကို မငြင်​းတတ်​တဲ့အတွက်​ စိတ်​ဖိစီးကြပါတယ်​။ ကတိ​ပေးမလွန်​ပါနဲ့၊ သင်​တတ်​နိုင်​မယ်​ ထင်​သ​လောက်​ဘဲ အာမခံပါ။

  • သင်ကောင်းဆုံး လုပ်နိုင်တာကို အရင်ဆုံးလုပ်ပါ

အရေးအကြီးဆုံး အလုပ်​​တွေကို ​အ​စောပိုင်​းလုပ်​ခြင်​းက သင်​့ကို အာရုံပိုစိုက်​​စေနိုင်​ပါတယ်​။ ဒါကကျန်​ရှိ​နေတဲ့ တစ်​​နေ့တာကို သင်​့ကိုစိတ်​ဖိစီးမှုကင်​း​စေပြီး တခြားလုပ်​ရမဲ့ အရာ​တွေကို စာရင်​းမှတ်​ပြီးဆက်​လုပ်​ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly