ရေဝတီ သို့မဟုတ် နန်းစန္ဒာလှထွန်း

By YOPE
10 November 2017
ရေဝတီ သို့မဟုတ် နန်းစန္ဒာလှထွန်း

ပဥ္စလက်ရွာဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲက ရေဝတီဆိုတဲ့ ကောင်မလေးကို သိကြပါသလား။ အခုဆိုရင် သူက ကျွန်တော်တို့ YOPE Redchair ရဲ့ မေးခွန်း ၅ ခုကို ဖြေပေးတော့မှာ ဖြစ်ပါတယ်။

ညီမလေး ရေဝတီ(ခေါ်) နန်းစန္ဒာလှထွန်း မင်္ဂလာပါ။ အစ်ကိုတို့ အစီအစဉ်ကနေပြီးတော့ ကြိုဆိုပါတယ်။

တက်သစ်စ သရုပ်ဆောင် တစ်ယောက်အနေနဲ့ လူတွေရဲ့ ရင်ထဲ ထိရောက်အောင် သရုပ်ဆောင်နိုင်တဲ့ နန်းစန္ဒာလှထွန်း ရဲ့ အားသာချက်က ဘာများဖြစ်မလဲ။

တက်သစ်စ တစ်ယောက်အနေနဲ့ လူတွေရဲ့ ရင်ထဲမှာ ကာရိုက်တာ တစ်ခု ကျန်အောင် ညီမ အထင်ပေါ့နော်။ ဒီ  ကာရိုက်တာကလည်း နန်းနဲ့ လိုက်ဖက်တယ်။ ပြီးတော့ ဒီ ကာရိုက်တာက လုံးဝ ရိုးသားဖြူစင်တဲ့ ပုံစံမျိုးပေါ့ နော်။ အဲဒီပုံစံလေးက ပရိသတ်တွေကို ဆွဲဆောင်သွားနိုင်တယ်လို့ ထင်ပါတယ်။

အနုပညာလမ်းပေါ် ရောက်ဖို့ ကြိုးစားတဲ့ အချိန်မှာ အဓိက ပံ့ပိုးကူညီပေးနေတဲ့ မိသားစုဝင်က ဘယ်သူ ဖြစ်မလဲ။ သူ့့ဆီက ဘယ်လိုအကူညီမျိုးတွေ ရသလဲ။

နန်းကို အဓိက ကူညီပံ့ပိုးပေးနေတဲ့ မိသားစုဝင်ကတော့ မေမေပါ။ မေမေက အမြဲတမ်းစိတ်ဓာတ်ရေးရာပိုင်းရော အမြဲတမ်းဆုံးမသွန်သင်ပေးပါတယ်။

ရေဝတီ ကာရိုက်တာက နန်းစန္ဒာလှထွန်း ရဲ့ ပုံမှန်စိတ်ထားနဲ့ ဘယ်လောက်ထိ ကွာခြားမှု ရှိလဲ။

ရေဝတီ ကာရိုက်တာက နန်းနဲ့ ပုံမှန်စိတ်ထားနဲ့ သိပ်မကွာဘူးပေါ့နော်။ အဲဒီလိုမျိုး အနေ ခပ်အေးအေး ပုံစံမျိုးပဲ။ ပြီးတော့ နန်း ၊ ရေဝတီဆိုတဲ့ ကာရိုက်တာကို ရတယ်ဆိုတာကလည်း ဒီ နန်းကို ထုတ်လုပ်ရေးက ရွေးတဲ့ အချိန် မှာ နန်းရဲ့ ပုံစံကို ကြည့်ပြီး ဒီ ကာရိုက်တာနဲ့ လိုက်တယ်ဆိုပြီးတော့ ရေဝတီ ကာရိုက်တာက မလှုပ် တလှုပ် လေး တစ်ခါတလေကျရင် ကိုယ်က ပြန်ကြည့်ရင် ဆွဲဆွဲလှုပ်ချင်တယ်။ အေးတိအေးစက်နဲ့ ဟိုဟာဆို လည်း မထိတထိ  အဲဒီလို မလှုပ်တလှုပ်လေး ဖြစ်နေတာပေါ့နော်။ သိပ်တော့ မကွာပါဘူး။

အချစ်ကို ဗန်းပြပြီးတော့ ကိုယ်ကျိုးရှာတတ်တဲ့ လူမျိုးနဲ့သာ ကြံုခဲ့မယ်ဆိုရင် အဲဒီလူအပေါ် ဘယ်လို တုံ့ပြန်မလဲ။

အချစ်ကို ဗန်းပြပြီးတော့ ကိုယ်ကျိုးရှာတတ်တဲ့ လူနဲ့ တွေ့မယ်ဆိုရင် နန်းအနေနဲ့ကတော့ ကိုယ့်ဘက်က ချစ်မယ်ဆိုရင် သူ့ဘက်က ဘယ်လိုပုံစံမျိုးနဲ့ပဲ ချစ်ချစ် ကိုယ်က သိပ်ပြီးတော့ သတိမူမိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က ချစ်နေဖို့ပဲ လိုတာလေ။ အဲဒီတော့ သူက ကိုယ့်ကိုယ် ဘယ်လိုပုံစံမျိုးနဲ့ပဲ ချစ်ချစ် ကိုယ်သိပ်ပြီးတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ အဓိက ကိုယ်ချစ်တဲ့သူက ကိုယ်အနားမှာ ရှိနေဖို့ပဲ လိုတာပါ။

ထုတ်လုပ်သူတွေက သရုပ်ဆောင်အသစ်တွေနဲ့ ဇာတ်ကားကြီးတွေ မရိုက်ကူးရဲတာ ဘာ့ကြောင့်လို့ ထင်လဲ။

ထုတ်လုပ်သူတွေက သရုပ်ဆောင်အသစ်တွေနဲ့ ဇာတ်ကားကြီးတွေ မရိုက်ကူးရဲဘူးဆိုတာကလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ ပရိသတ်တွေ အားပေးမှုပိုင်းနဲ့လည်း ဆိုင်တယ်။ ပြီးတော့သရုပ်ဆောင်ပိုင်းနဲ့လည်း ဆိုင်တယ်။ အဲဒါကြောင့်မို့ ပါပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေ တော်တော်များများက အသစ် တစ်ယောက်ကို အရမ်းချစ်တတ်တယ်။ ဒီသရုပ်ဆောင် တစ်ယောက်က ဘယ်လိုနေတယ်။ သူတို့ အရမ်းကြည့် တတ်တယ်။ အားနည်းချက် အားသာချက်တွေ အရမ်းကြည့်တတ်တယ်။ အဲဒီတော့ ထုတ်လုပ်သူတွေက သူတို့ သိပ်ပြီးတော့ မတင်ရဲဘူးဆိုတာကလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှု အပိုင်းကို ကြောက်တာ လည်း ဖြစ်နိုင်တယ်။ အသစ်တွေကလည်း တစ်ခါတလေကျရင် အသစ်ဆိုတဲ့ အတိုင်းပဲ လိုအပ်ချက်တွေ ရှိတယ်လေ။ အဲဒါကြောင့်မို့လဲ ပါပါတယ်။       ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly