၂၀၁၈ ကမ္ဘာ့ဖလားတွင်အသုံးပြုမည့်ဘောလုံး မိတ်ဆက်ပွဲကို မက်ဆီနှင့် ဇီဒန်းတို့ဦးဆောင်ကျင်းပ

၂၀၁၈ ကမ္ဘာ့ဖလားတွင်အသုံးပြုမည့်ဘောလုံး မိတ်ဆက်ပွဲကို မက်ဆီနှင့် ဇီဒန်းတို့ဦးဆောင်ကျင်းပ

နိုဝင်ဘာ ၁၀၊ မော်စကို။        ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသုံးပြုမည့် ဘောလုံးမိတ်ဆက်ပွဲကို ရုရှတွင် မက်ဆီ၊ ဇီဒန်းနှင့် ကမ္ဘာကျော်ကစားသမားအချို့က ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

၁၉၇၀ မက္ကဆီကိုကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသုံးပြုခဲ့သည့် တဲလ်စတားအမည်ရဘောလုံးပုံစံကို နည်းပညာသစ်ကိရိယာတစ်ခု ထည့်သွင်းကာ ဒီဇိုင်းပြောင်းလဲပြုလုပ်ထားသည်။

လာမည့်နွေရာသီတွင်အသုံးပြုမည့်ယင်းဘောလုံးကို မန်ချက်စတာယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့မှာ များစွာ အစမ်းသပ်ခံသုံးစွဲခဲ့ရပြီးဖြစ်သည်။

ရုရှတွင်ပြုလုပ်သည့် တရားဝင်မိတ်ဆက်ပွဲသို့ ဘာစီလိုနာနှင့် အာဂျင်တီးနားအကျော်အမော် မက်ဆီအပါအဝင် ဇီဒန်း၊ ရှာဘီ အလွန်ဆို၊ ဒယ်လ်ပီယာရို၊ ကာကာ၊ ပိုဒေါလ်စကီးစသည့် ကမ္ဘာကျော်များလည်း တက်ရောက်ခဲ့ကြသည်။

မိတ်ဆက်ပွဲသို့ ပရိသတ်ထောင်ပေါင်းများစွာတက်ရောက်ခွင့်ရခဲ့ကြပြီး တစ်ဖက်ငါးယောက်ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲကို လည်း ကြည့်ရှုခွင့်ရခဲ့ကြသည်။

ဘောလုံးအသစ်ကို ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲကာလက အဖြူအမည်းတီဗီဖန်သားပြင်တွင်ကြည့်ရှုရထင်ရှားစေရန်အတွက် အဖြူနှင့်အနက်ကွက်များ ဖြင့် ဒီဇိုင်းထုတ်လုပ်ခဲ့သည့်ဘောလုံးပုံစံကို ပြန်လည်ဆန်းသစ်ကာ ထုတ်လုပ်ထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly