အရန်အသင်းနှင့်အတူ ပေါ့ဂ်ဘာ၊ ရိုဟိုနှင့် ကာရစ်တို့လေ့ကျင့်ခန်းပြန်ဆင်းနေ

အရန်အသင်းနှင့်အတူ ပေါ့ဂ်ဘာ၊ ရိုဟိုနှင့် ကာရစ်တို့လေ့ကျင့်ခန်းပြန်ဆင်းနေ

နိုဝင်ဘာ ၁၀၊ မန်ချက်စတာ။          ။ ဒဏ်ရာရကစားသမားများဖြစ်သော ပေါ့ဂ်ဘာ၊ ရိုဟိုနှင့် ကာရစ်တို့လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်၍ နိုင်ငံတကာပွဲရက်သတ္တပတ် အပြီးတွင် မန်ချက်စတာယူနိုက်တက်အသင်းအင်အားပြန်တောင့်လာတော့မည်ဟု မော်ရင်ဟိုက မျှော်လင့်နေသည်။

ယင်းကစားသမားသုံးဦးသည် ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ယူနိုက်တက်ယူ ၂၃ အသင်းနှင့်အတူ ဗုဒ္ဓဟူး၊ ကြာသပတေး နှစ်ရက်ဆက်တိုက်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့သည်။

တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည်လည်း အသင်းနှင့်အတူလေ့ကျင့်နိုင်ခြင်းမရှိသေးသော်လည်း တစ်ဦးတည်းလေ့ကျင့်ခန်း များကို တိုးမြှင့်လုပ်ဆောင်နိုင်နေပြီဖြစ်သည်။

ဒူးကောက်ကြောဒဏ်ရာကြောင့် ၁၂ ပွဲလွဲချော်ခဲ့ရသောပေါ့ဂ်ဘာသည် နိုဝင်ဘာ ၁၈ တွင်နယူးကာဆယ်နှင့်ကစားရမည့်ပွဲ၌ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိသည်။

ဒူးအရွတ်ပျက်စီးသည့်ဒဏ်ရာကြောင့် ပြီးခဲ့သည့်ရာသီကုန်ကတည်းကအနားယူနေခဲ့ရသည့် ရိုဟိုမှာမူ ပွဲထွက်ကစားနိုင်ရန် အချိန်ပိုယူရဖွယ်ရှိသည်။

လက်ရှိရာသီတွင် ဘာတန်နှင့်ကစားသည့်တစ်ပွဲသာ ပွဲထွက်ခွင့်ရထားသေးသည့်ကာရစ်မှာ အဖျားရောဂါမှပြန်လည်သက်သာ လာခြင်းဖြစ်သည်။

ယင်းကစားသမားများပြန်လည်ကစားလာနိုင်ခြင်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင်ချယ်လ်ဆီးကိုရှုံးပြီး မြို့ခံပြိုင်ဘက်မန်စီးတီး အသင်းနှင့် အမှတ်ပြတ်သွား၍ နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီးဝေဖန်ခံနေရသည့် မော်ရင်ဟိုအတွက် အားဖြစ်စေမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags