လက်ရွေးစင်ဟောင်း ဆွမ်လမ်မာန်ကို ရန်ကုန်ယူနိုက်တက်အသင်း (၂)နှစ် စာချုပ်ဖြင့် ခေါ်ယူ

လက်ရွေးစင်ဟောင်း ဆွမ်လမ်မာန်ကို ရန်ကုန်ယူနိုက်တက်အသင်း (၂)နှစ် စာချုပ်ဖြင့် ခေါ်ယူ
(ဓာတ်ပုံ - Yangon United FC)

၂၀၁၈ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေတဲ့ ရန်ကုန် ယူနိုက်တက်အသင်းဟာ ချင်းယူနိုက်တက် အသင်းမှ အလယ်တန်းတိုက်စစ် ကစားသမား ဆွမ်လမ်မာန်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း အသင်းရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ရှေ့တန်း နှင့် အလယ်တန်း နှစ်နေရာမှာ ကစားနိုင်တဲ့ ဆွမ်လမ်မာန်ဟာ ကစားသမားဘဝကို ချင်းယူနိုက်တက်အသင်း နှင့် ၂၀၁၁ ခုနှစ်မှ စတင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းမှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၆၊ ၂၀၁၇ အစောပိုင်းအထိ ရွေးချယ်ခံခဲ့ရပါတယ်။

“ရန်ကုန်အသင်းကို ရောက်လာရတဲ့အတွက် ပီတိဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်။ ရန်ကုန်အသင်းကို လာတဲ့အကြောင်းရင်းကတော့ ကျနော့်ဘဝအတွက်၊ ပြီးတော့ ကျနော့် ရှေ့ရေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ချင်လို့ လာခဲ့တာပါ။ အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြပြီး ဖလားတွေယူနိုင်အောင် ကြိုးစားသွားမှာပါ”ဟု ဆွမ်လမ်မာန်က ပြောပါတယ်။

လာမည့်နှစ် မြန်မာနေရှင်လိဂ်အမှတ်ပေးပြိုင်ပွဲ ပထမအကျော့အတွက် ဘောလုံးသမား အပြောင်းအရွှေ ့ကာလ ( Player Transfer Window Period) ကို နိုဝင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ ဖွင့်လှစ်ထားရာ ရန်ကုန်အသင်းက အပြောင်းအရွှေ ့စျေးကွက်တွင် စတင်လှုပ်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက် ကစားသစ် ဆွမ်လမ်မာန်က အသင်းနှင့်အတူ အောင်မြင်မှုများ ရရှိအောင် ကြိုးပမ်းသွားမည်လို့ ကတိပြုခဲ့ပြီး ပရိသတ်များရဲ့ အားပေးမှု ရရှိလိုကြောင်းကိုလည်း အသင်းပရိသတ်များအား မိတ်ဆက်စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမယ့် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ လည်းကောင်း၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲကို ဇန်နဝါရီ တတိယပတ်မှ စတင်၍ လည်းကောင်း ကျင်းပသွားရန် လျာထား စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

Source: Ygn United, MNL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly