ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အရှေ့တောင်အာရှတွင် ဦးနှောက်ယိုစီးမှု ဆိုးကျိုးကြံုရဟု ဒူတာတေး ပြော

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အရှေ့တောင်အာရှတွင် ဦးနှောက်ယိုစီးမှု ဆိုးကျိုးကြံုရဟု ဒူတာတေး ပြော

မနီလာ၊ နိုဝင်ဘာ ၉ ။          ။ ဂလိုဘယ်လိုက်ဇေးရှင်း(ကမ္ဘာရွာဆန်လာမှု) ဆိုသည်က ဆင်းရသည့် အရှေ့တောင်အာရှနို်င်ငံများရှိ တော်တတ်လုပ်သားများကို ပြည်ပသို့ တွန်းပို့ပေးလိုက်ခြင်းသာဖြစ်ပြီး မှန်ကန်သင့်တင့်သည့် ဖွံ့ဖြိုးမှုကိုသာ ရရှိမည်ဆိုပါက ထိုသို့သော ကျွမ်းကျင်ပညာရှင်များ နေရင်းက ထွက်ခွာမှု ဦးနှောက်ယိုစီးမှုသည် ပြောင်းပြန်ဖြစ်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုဝင်ဘာ ၉ ရက်တွင် ပြောသည်။

စကားလုံးကြမ်းများဖြင့် တုတ်ထိုးအိုးပေါက် ပြောဆိုမှုများကြောင့် နာမည်ကြီးသော ဒူတာတေး၏ လှိုက်လှဲဖော်ရွေသော မေတ္တာရပ်ခံ ပြောဆိုမှုတွင် ဆင်းရဲသော နိုင်ငံများ၏ ကြိုစားအားထုတ်မှုများသည် ကျွမ်းကျင်လုပ်သားများ အများအပြား စီးထွက်နေခြင်းကြောင့် တန်ဖိုးကွင်းဆက် ပြတ်ပြတ်နေရကြောင်း ပြောထားသည်။

“အတိုင်းအတာ တစ်ခုအထိ ရောက်လာမယ့် ဂလိုဘယ်လိုက်ဇေးရှင်းဟာ ဆင်းရဲတဲ့ နိုင်ငံတွေကို အမှန်ပဲ ဖြိုလှဲနေတယ်။”ဟု အေပက်ထိပ်သီးညီလာခံ မတိုင်မီ ဗီယက်နမ်၊ ဒါနန်းမြို့က စီးအီးအိုများ စုဝေးမှုတွင် မိန့်ခွန်းပြောကြားရာ ဒူတာတေးက ပြောခဲ့ခြင်း ဖြစ်သည်။

ဒူတာတေးက ဥပမာပေး ပြောဆိုရာတွင်လည်း “ကျွန်တော်တို့ဆီက အကောင်းဆုံး၊ အတော်ဆုံး လူငယ်တွေဟာ အမေရိကန်လို စီးပွားရေး ပွင့်လန်းနေတဲ့ နိုင်ငံတွေဆီ သွားဖို့ပဲ ရည်သန်နေကြတယ်။”ဟု ဒူတာတေးက ဆိုသည်။

ဖိလစ်ပိုင်တွင် ပြည်ပသို့ ထွက်ကာ အလုပ်လုပ်ကိုင်ကြသော ပြည်သူပေါင်း ဆယ်သန်းကျော် ရှိရာ နိုင်ငံလူဦးရေ၏ ဆယ်ရာခိုင်နှုန်း ရှိနေပြီး နှစ်စဉ် နိုင်ငံသို့ ဒေါ်လာ ဘီလီယံများစွာ ပြန်လည်ပေးပို့နေသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂလိုဘယ်လိုက်ဇေးရှင်းက အမေရိကန်၏ ကုန်ထုတ်လုပ်ငန်းများကို တရုတ်ကဲ့သို့ လုပ်အားခစျေပေါသော နိုင်ငံများသို့ ရွှေ့ပြောင်းသွားစေကြောင်း စိတ်ပျက်စကား ပြောထားမှုအပေါ် ဒူတာတေးက သဘောတူလက်ခံသည်။

သို့သော် ကုန်ချောထုတ်လုပ်နိုင်စွမ်း မရှိခြင်းကြောင့် ဆင်းရဲသားနိုင်ငံများအနေဖြင့် အလုပ်သမားများကို စွန့်လွှတ်ရကာ ကုန်ကြမ်းများကို ကမ္ဘာ့စီးပွားရေးအတွင်းသို့ ဖြည့်တင်းပေးနေရခြင်းသာဖြစ်၍ ကမ္ဘာ့ကုန်သွယ်ရေး အခက်ခဲဆုံးအစွန်ဖျားတွင် ဆင်းရဲသော နိုင်ငံများက ရောက်ရှိရင်ဆိုင်နေရခြင်းပဲဖြစ်ကြောင်း ဒူတာတေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly