ကမ္ဘာ့ပြဿနာများကို အမေရိကန်နှင့် တရုတ် ဖြေရှင်းနိုင်ဟု ထရမ့်ပြော

ကမ္ဘာ့ပြဿနာများကို အမေရိကန်နှင့် တရုတ် ဖြေရှင်းနိုင်ဟု ထရမ့်ပြော

ပေကျင်း၊ နိုဝင်ဘာ ၉ ။           ။ ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရာတွင် အမေရိကန်-တရုတ် ဆက်ဆံရေးက အရေးကြီးကြောင်းကို သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၉ ရက်တွင် မီးမောင်းထိုး ပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ ပြဿနာသာမကပဲ အလွန်အန္တရာယ်ကြီးပြီး လုံခြံုရေးခြိမ်းခြောက်မှု ကမ္ဘာ့ပြဿနာများကိုပါ ဖြေရှင်းရာမှာ မိတ်ဖက်ရင်း လက်တွဲလုပ်ဆောင်မှုနဲ့ အောင်မြင်မှု နှစ်များစွာ တည်တံ့ရေးကို ကျွန်တော် ရှေးရှုထားပါတယ်။”ဟု ပေကျင်းရှိ ပြည်သူ့မဟာခန်းမဆောင်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမှုမှာ ထရမ့်က ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီကမ္ဘာလုံးဆိုင်ရာ ပြဿနာအားလုံးလောက်ကိုပဲ ကျွန်တော်တို့ လက်တွဲမှုအရ ဖြေရှင်းသွားနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။”ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် မြောက်ကိုရီးယားအရေးနှင့် ကုန်သွယ်ရေးအငြင်းပွားမှုကဲ့သို့သော ကမ္ဘာ့လုံးဆိုင်ရာ ပြဿနာများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မြဲရေးကို စိတ်ဆန္ဒသဘောထားများ ရှိကြောင်း အသီးသီး ဖော်ပြခဲ့ကြသည်။

ပထမအကြိမ် အပြန်အလှန်တွေ့ဆုံဆွေးနွေးပြီးနောက် ထရမ့်က ရှီကျင့်ဖျင်အား “မြောက်ကိုရီးယားအရေးကို ခင်ဗျားနဲ့အတူ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။”ဟု အလေးထားပြောသည်။

ရှီကျင့်ဖျင်ကလည်း “တရုတ်နဲ့ အမေရိကန်အတွက် ပူးပေါင်းဆောင်ရွက်မှုကသာ တစ်ခုတည်းသော အလားအလာကောင်းတဲ့ ရွေးချယ်မှုပါ။”ဟု အလေးအနက် ပြန်လည်ပြောဆိုကာ အပြန်အလှန်လေးစားသော စိတ်ထားဖြင့် ရှေ့ဆက်သွားရေးကို တိုက်တွန်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly