အေပက် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်သို့ ရောက်ရှိ

အေပက် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်သို့ ရောက်ရှိ

နိုဝင်ဘာ ၉ ။             ။ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ သီးသန့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၉ ရက်က ဒါနန်းမြို့ကို ရောက်ရှိလာပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို လေဆိပ်မှာ ဗီယက်နမ်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ယခု ဗီယက်နမ်မှာ ကျင်းပမယ့် အေပက်အစည်းအဝေးအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကိုပါ တက်ရောက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly