အမြန်လမ်း ရ၆ မိုင်တွင် KFC ဆိုင်ခွဲ ဖွင့်လှစ်မည်

အမြန်လမ်း ရ၆ မိုင်တွင် KFC ဆိုင်ခွဲ ဖွင့်လှစ်မည်

KFC ဆိုင်ခွဲကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်း ရ၆ မိုင်၌ စတင်ဖွင့်လှစ် မည်ဖြစ်သည်။

ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်းပေါ်တွင် အသစ်ဖွင့်လှစ််လိုက်သည့် ယာဉ်ရပ်နားစခန်းဖြစ်သည့် 76 Miles Rest Camp (၇၆ မိုင်ယာဉ်ရပ်နားစခန်း) တွင် ဖွင့်လှစ်မည် ဖြစ်ပြီး KFC Myanmar ၏ ၁၇ ဆိုင်မြောက် ဆိုင်ခွဲ ဖြစ်သည်။

“သုံးလတာ ကာလအတွင်း ရန်ကုန်ပြင်ပမှာပါ KFC ကို ချဲ့ထွင်ရန်အခွင့်အလမ်း ရရှိခဲ့ပါတယ်။ အခု ဆိုင်ခွဲသစ် က ရန်ကုန်မြို့ရဲ့   ပြင်ပမှာ    ဖွင့်လှစ်တဲ့ ကျွန်တော်တို့၏ တတိယမြောက်စျေးကွက်ဖြစ်ပါတယ်” ဟု KFC Myanmar ၏ Managing Director ဖြစ်သူ Mr. JR Ching က ပြောသည်။

၇၆ မိုင်ရပ်နားစခန်းသည် အမြန်လမ်းပေါ်ရှိ ယာဉ်ရပ်နားစခန်း သုံးခုအနက် တစ်ခုဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကာ KFC ဆိုင်ခွဲသည် ယင်း ယာဉ်ရပ်နားစခန်းဝင်းအတွင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly