KFC ဆိုင်ခွဲကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်း ရ၆ မိုင်၌ စတင်ဖွင့်လှစ် မည်ဖြစ်သည်။
ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်းပေါ်တွင် အသစ်ဖွင့်လှစ််လိုက်သည့် ယာဉ်ရပ်နားစခန်းဖြစ်သည့် 76 Miles Rest Camp (၇၆ မိုင်ယာဉ်ရပ်နားစခန်း) တွင် ဖွင့်လှစ်မည် ဖြစ်ပြီး KFC Myanmar ၏ ၁၇ ဆိုင်မြောက် ဆိုင်ခွဲ ဖြစ်သည်။
“သုံးလတာ ကာလအတွင်း ရန်ကုန်ပြင်ပမှာပါ KFC ကို ချဲ့ထွင်ရန်အခွင့်အလမ်း ရရှိခဲ့ပါတယ်။ အခု ဆိုင်ခွဲသစ် က ရန်ကုန်မြို့ရဲ့ ပြင်ပမှာ ဖွင့်လှစ်တဲ့ ကျွန်တော်တို့၏ တတိယမြောက်စျေးကွက်ဖြစ်ပါတယ်” ဟု KFC Myanmar ၏ Managing Director ဖြစ်သူ Mr. JR Ching က ပြောသည်။
၇၆ မိုင်ရပ်နားစခန်းသည် အမြန်လမ်းပေါ်ရှိ ယာဉ်ရပ်နားစခန်း သုံးခုအနက် တစ်ခုဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကာ KFC ဆိုင်ခွဲသည် ယင်း ယာဉ်ရပ်နားစခန်းဝင်းအတွင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။