“ခြေတွေ လက်တွေ မရှိလည်း ပြဿနာမရှိပါဘူး” ဗီယာထရစ်ဆီ ဗီအို

“ခြေတွေ လက်တွေ မရှိလည်း ပြဿနာမရှိပါဘူး” ဗီယာထရစ်ဆီ ဗီအို

 

ဗီယာထရစ်ဆီဗီအိုဆိုတာ မသန်စွမ်းဝီးချဲဓားခုတ်အားကစားမယ်လေး ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာတော့ သူမက ထင်ပေါ်ကျော်ကြားသူပါ။

ဗီအိုဟာ ငယ်စဉ်ကတည်းက ဓားခုတ်အားကစားနည်းကို ၀ါသနာပါခဲ့သူဖြစ်ပေမယ့် ကံမကောင်းအကြောင်းမလှလို့ ပြင်းထန်ဦးနှောက်အမှေးပါးရောင်ရောဂါကြောင့် သူမရဲ့ လက်နှစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမဲ့ ဗီအိုက ဘဝကို အရှုံးမပေးခဲ့ပါဘူး။ သူမမိသားစုရဲ့ ကူညီအားပေးမှုနဲ့ သုံးလအကြာမှာပဲ အားကစားပြန်လုပ်ခဲ့ပါတယ်။  အဲ့ဒီနောက် ခြောက်နှစ်အကြာ ၂၀၁၄ ခုနှစ်မှာတော့ သူမဟာ ဥရောပဓားခုတ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၆ မှာ ဥရောပချန်ပီယံဆုကို ကာကွယ်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ မသန်စွမ်းအိုလံပစ်အားကစားပွဲတော်မှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့ပါသေးတယ်။

‘ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ကျွန်မ ဓားခုတ်အားကစားကို ပြန်ကစားချင်ခဲ့ပါတယ်။ အဖေက ကျွန်မကို ကူညီပေးခဲ့ပါတယ်။ အထူးကုသမှုတွေလုပ်ပေးခဲ့ပြီး ကျွန်မကို ပြန်တည်ဆောက်ပေးခဲ့ပါတယ်။ ကျွန်မက ပလက်စတစ်အရုပ်လေး တစ်ရုပ်လိုပါပဲ” လို့ ဟာသနှောပြီး ပြောခဲ့ပါတယ်။

ဗီအိုကို သူ့ရဲ့မိဘတွေက နာမည်ကျော်မသန်စွမ်းအားကစားသမားတွေနဲ့ပေးတွေ့ခဲ့လို့ သူအနေနဲ့စိတ်ခွန်အား တွေရခဲ့ရကြောင်းလည်း ပြောပါတယ်။ “ဘယ်တော့မှလက်မလျှော့လိုက်နဲ့” ဆိုတဲ့စကားက သူ့အတွက် အားဖြစ်စေခဲ့ပါတယ်။ ဒီလိုကစားသမားကြီးတွေနဲ့တွေ့ဆုံပေးခဲ့လို့ မိဘတွေကို ကျေးဇူးတင်ကြောင်းလည်း ဗီအိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly