လီဗာပူးလ်သို့မပြောင်းမီ ပရီးမီးယားလိဂ်ကလပ်တစ်ခုကိုငြင်းပယ်ခဲ့ပြီး ကံအနည်းငယ်ကောင်းပါက ဖလားရနိုင်ဟု ကလော့ပ်ဆို

လီဗာပူးလ်သို့မပြောင်းမီ ပရီးမီးယားလိဂ်ကလပ်တစ်ခုကိုငြင်းပယ်ခဲ့ပြီး ကံအနည်းငယ်ကောင်းပါက ဖလားရနိုင်ဟု ကလော့ပ်ဆို

နိုဝင်ဘာ ၉၊ လီဗာပူးလ်။            ။ လီဗာပူးလ်အသင်း၏ ကစားပုံကိုကြိုက်နှစ်သက်သောကြောင့် အခြားပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းကိုငြင်းပယ်ပြီး ၂၀၁၅ တွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု နည်းပြကလော့ပ်ကပြောသည်။

ဂျာမန်လူမျိုးနည်းပြသည် လွန်ခဲ့သည့်နှစ်နှစ်က ဘရန်ဒန်ရော်ဂျာနေရာတွင် အစားထိုးခန့်အပ်ခံရသူဖြစ်ပြီး လီဗာပူးလ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရအောင် လုပ်ပေးနိုင်ခဲ့သည်။

အသင်းကိုတာဝန်ယူနေစဉ်အတွင်း ပရီးမီးယားလိဂ်ဖလားလည်းရယူပေးချင်နေသည်။ နိုင်ငံတကာပွဲများရက်သတ္တပတ်ဖြစ်၍ အနားရနေစဉ်အတွင်း တောင်အာဖရိကသို့သွားရောက်စဉ် ပရိသတ်များနှင့်တွေ့ဆုံပြီး အမေးအဖြေအစီအစဉ်ပြုလုပ်ခဲ့သည်။

မာဆေးဆိုဒ်သို့ပြောင်းရန်ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကလော့ပ်က “အဲဒါ မှန်ကန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်ကျော်က သမိုင်းဝင် အင်္ဂလိပ်ကလပ်တစ်ခုက ကမ်းလှမ်းခဲ့သေးပေမယ့် သူတို့ရဲ့ပုံစံကိုကျွန်တော်နားမလည်နိုင်လို့ လက်မခံသင့်ဘူးလို့ ခံစားခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဆီကဆက်သွယ်လာတာကိုတော့ ကျွန်တော်ပြန်မရှင်းပြတတ်ဘူး။ ဒါကမှန်ကန်သင့်တော်ခဲ့တယ်”ဟု ပြောသည်။

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာနေမှုကို အဆုံးသတ်ပေးနိုင်လိမ့်မည်ဟု ကလော့ပ်ကယုံကြည်နေသော် လည်း ချန်ပီယံလိဂ်ဖလားမှာမူ ငွေရေးကြေးရေးအခြေအနေအရ ပိုခက်နိုင်သည်ဟု ဝန်ခံခဲ့သည်။

“ဥရောပနိုင်ငံတစ်နိုင်ငံကပိုင်ဆိုင်တဲ့ အသင်းနှစ်သင်းရှိနေလို့ ချန်ပီယံလိဂ်ဖလားရဖို့ခက်ပါတယ်။ အင်္ဂလန်မှာဆိုရင်တော့ ကံလေးနည်းနည်းကောင်းမယ်ဆိုရင် ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားရနိုင်ပါတယ်”ဟု ကလော့ပ်ကဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly