လာမည့်ရာသီကုန်တွင် မန်စီးတီးအသင်းမှထွက်ခွာရန် အဂွဲရိုးစီစဉ်ထား

လာမည့်ရာသီကုန်တွင် မန်စီးတီးအသင်းမှထွက်ခွာရန် အဂွဲရိုးစီစဉ်ထား

နိုဝင်ဘာ ၉၊ မန်ချက်စတာ။            ။ ဆာဂျီယိုအဂွဲရိုးသည် မန်ချက်စတာစီးတီးအသင်းမှထွက်ခွာပြီး အာဂျင်တီးနားရှိငယ်ဘဝကလပ်အသင်းသို့ပြန်လည်ပြောင်းရွှေ့ ရန် စီစဉ်ထားသည်။

အက်သလက်တီကိုသို့ပြောင်းပြီး တောက်ပမလာမီကစားခဲ့သော ဘရူနိုအေးရိစ်အခြေစိုက် ငယ်ဘဝကလပ် အင်ဒီပန်ဒီယန်တီ သို့ပြန်ရန် ၂၀၁၉ တွင် စီးတီးအသင်းမှထွက်ခွာရန်ရည်ရွယ်ထားသည်ဟု စီးတီးအသင်း၏ဂိုးသွင်းအများဆုံး ကစားသမားက ဆိုသည်။

အဂွဲရိုးက “မီလန်နဲ့ မက်ဒရစ်က ကျွန်တော့်ကိုလိုချင်နေတယ်လို့ သိရတယ်။ ဒီသတင်းတွေဘယ်ကထွက်လာသလဲတော့ မသိဘူး။ သူတို့က အင်ဒီပန်ဒီယန်တီအိပ်မက်ကိုဖျက်ချင်နေကြတာပါ။

ဒါပေမဲ့ ကျွန်တော်ကတော့ စီးတီးနဲ့စာချုပ်ပြည့်မယ့် ၂၀၁၉ ကျရင် အင်ဒီပန်ဒီယန်တီကိုပြန်သွားဖို့ပဲ အမြဲတမ်းစိတ်ကူးထား ပါတယ်။

စီးတီးနဲ့ တစ်နှစ်သက်တမ်းတို့ဖို့ ဦးစားပေးရွေးချယ်ခွင့်ရှိနေတယ်ဆိုပေမယ့်လည်း ဒါကရွေးချယ်ခွင့်တစ်ခုသက်သက်သာဖြစ်ပါ တယ်။ ကျွန်တော့်စိတ်ကူးကတော့ ပြန်ဖို့ပါပဲ။ ကျွန်တော်ကောင်းကောင်းကစားနိုင်ပြီး ဖလားရဖို့မျှော်လင့်ပေမယ့် လွယ်တော့ မလွယ်ပါဘူး”ဟု ပြောသည်။

စနေနေ့တွင် ကမ္ဘာ့ဖလားအိမ်ရှင်ရုရှားအသင်းနှင့် အာဂျင်တီးနားအသင်းတို့ကစားမည့်ခြေစမ်းပွဲမတိုင်မီတွင် အဂွဲရိုးက ၎င်း၏ အစီအစဉ်ကိုထုတ်ပြောခြင်းဖြစ်သည်။

အဂွဲ္ဂရိုးကို ၂၀၂၀ ထိ စာချုပ်သက်တမ်းတိုးနိုင်ရန်သဘောတူညီမှုရပြီဟု စီးတီးအသင်းကဆိုထားသော်လည်း အသက် ၂၉ နှစ် အရွယ်ကစားသမားက ယင်းထက်တစ်နှစ်စောပြီးထွက်ခွာမည့်အစီအစဉ်ကို ထုတ်ဖော်လာခဲ့ခြင်းဖြစ်သည်။

စီးတီးအသင်းတွင် ရှစ်နှစ်ကြာကစားထားသည့် အဂွဲရိုးသည် အသင်းအတွက် ၁၇၉ ဂိုးသွင်းယူပေးထားသည်။ စီးတီးအသင်း အနေဖြင့် အဂွဲရိုးမထွက်ခွာမီ အာဆင်နယ်မှဆန်းချက်ဇ်ကိုခေါ်နိုင်ရန် ကြိုးပမ်းနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly