မော်ရင်ဟို၏ခြေရာနင်းချင်သည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာပြော

မော်ရင်ဟို၏ခြေရာနင်းချင်သည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာပြော

နိုဝင်ဘာ ၉၊ အင်္ဂလန် ။        ။ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာက ပရီးမီးယားလိဂ်ဖလားကို ရယူပြီး မော်ရင်ဟိုကဲ့သို့ မတူညီသည့်လိဂ်ပြိုင်ပွဲသုံးခုတွင် ချန်ပီယံဖြစ်လိုကြောင်း ပြောဆိုလိုက်သည်။

မိုရာတာသည် ရီးယဲလ်အသင်းနှင့် လာလီဂါဖလား၊ ဂျူဗင်တပ်စ်အသင်းနှင့် စီးရီးအေဖလားတို့ကို ရယူနိုင်ခဲ့ပြီး ယခု ချယ်လ်ဆီးနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ရယူလိုလျက်ရှိသည်။

“ချယ်လ်ဆီးလိုအသင်းကို ပြောင်းရွှေ့ခဲ့လို့ နောင်တလုံးဝမရပါဘူး။ ဒီအသင်းမှာ အချိန်အကြာကြီး ကစားသွားလိုပါတယ်။ ဘဝမှာ နောင်တတွေနဲ့ မနေထိုင်သင့်ပါဘူး။ ကျွန်တော့်ဘဝမှာ အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ခဲ့ရပါတယ်။ အဲ့ဒီကနေ အတွေ့အကြုံတွေ ရယူပါတယ်။

စပိန်နဲ့အီတလီမှာ အမှတ်ပေးဖလားတွေရခဲ့ပြီးပါပြီ။ အခု အင်္ဂလန်မှာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ စိန်ခေါ်မှုတွေရှိနေပါပြီ။ စပိန်ကစားသမားတစ်ယောက်အနေနဲ့ မတူညီတဲ့လိဂ်ပြိုင်ပွဲသုံးခုမှာ ချန်ပီယံဖြစ်လိုပါတယ်။ ကျွန်တော့်လို စပိန်ကစားသမားမျိုးအများကြီးရှိမယ် မထင်ပါဘူး” ဟု မိုရာတာက ပြောဆိုခဲ့သည်။

မိုရာတာသည် ချယ်လ်ဆီးအသင်းအတွက် ၁၃ ပွဲ ပါ၀င်ကစားထားရာတွင် ၈ ဂိုးသွင်းယူထားနိုင်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly