ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဘာစားထားသင့်သလဲ

ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဘာစားထားသင့်သလဲ

ရေးသားသူ Dr. Phio Thia 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

သင့်ရဲ့ တနေ့တာလှုပ်ရှားမှုတွေအတွက် လုံလောက်တဲ့ ကယ်လိုရီနဲ့၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်မီတော့ သိပ်အများကြီး စားဖို့ မလိုအပ်ဘဲ အဆာပြေသဘောလောက်သာ စားသင့်ပါတယ်။

သင့်တော်တဲ့ အစားအသောက်ကို ရွေးချယ်မှ အထောက်အကူဖြစ်ပါလိမ့်မယ်။ လေ့ကျင့်ခန်းမစမီ ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ လေ့ကျင့်ခန်းမလုပ်မီ ရေ ၅၀၀ မီလီလီတာ (ရေသန့်ဗူးကြီးတစ်ဝက်) လောက် သောက်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် စားသင့်တဲ့ သွားရည်စာ ၉ မျိူး

အဆီဓါတ်ပါဝင်မှု နည်းတဲ့ အစားအစာ (ကယ်လိုရီ ၁၀၀ – ၃၀၀) ရှိတဲ့ အစားအသောက်က အသားဓါတ်နဲ့ ကစီဓါတ်ကို ပြည့်ဝစေနိုင်ပါတယ်။ ကစီဓါတ်က စွမ်းအင်ပေးပါတယ်။ အသားဓါတ်ကတော့ ကြွက်သားတည်ဆောက်မှုမှာ အရေးပါပါတယ်။

ဒီအစားအသောက်လေးတွေ စမ်းစားကြည့်ပါ

⦁ မုယောစပါးနဲ့ သစ်ဂျပိုး၊ ဘယ်ရီသီးများ၊ ချယ်ရီသီးများ
⦁ ဂျံုနဲ့ပြူလုပ်ထားတဲ့ ပေါင်မုန့်ထောပတ်သုတ်၊ ငှက်ပျောသီး
⦁ ဒိန်ချဉ်နဲ့ဖော်ထားတဲ့ သစ်သီးဖော်ရည်
⦁ တူရကီအသားညှပ်ပေါင်မုန့်
⦁ ဘီစကွတ်နှင့် ချီးစ်တစ်ပေါင်
⦁ ချီစ်းနှင့် ပန်းသီး၊ ငှက်ပျော်သီး
⦁ အစေ့အဆံနှင့် သစ်သီးခြောက်များ

လေ့ကျင့်ခန်းမလုပ်ခင် မစားသင့်တဲ့အရာများ

အဆီများတာ ဒါမှမဟုတ် အမျှင်ဓါတ်များတဲ့ အစားအသောက်တွေက သင့်ဗိုက်နာခြင်းကို ဖြစ်စေနိုင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် စွမ်းအင်အများကြီး မရရှိတဲ့အတွက် သင်ခန္ဓာကို်ယ် လေးလံထိုင်းမိုင်းနေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly