ဂန္တဝင်ကစားသမားကြီး ဂန်တို ဖီဖာ ကျော်ကြားသူများစာရင်း (FIFA Hall of Fame) မှာ ထည့်သွင်း ဂုဏ်ပြုခံရ

ဂန္တဝင်ကစားသမားကြီး ဂန်တို ဖီဖာ ကျော်ကြားသူများစာရင်း (FIFA Hall of Fame) မှာ ထည့်သွင်း ဂုဏ်ပြုခံရ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနှင့် ဂန္တဝင်ကစားသမားကြီး ပါကို ဂန်တိုဟာ ဖီဖာရဲ့ ကျော်ကြားသူများစာရင်း (FIFA Hall of Fame) မှာ ထည့်သွင်း ဂုဏ်ပြုခံခဲ့ရကြောင်း စပိန်ကလပ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မက္ကဆီကို၊ Pachuca မှာ ပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကိုတော့ ဂန်တိုရဲ့ ကိုယ်စား ရီးယဲလ်ကစားသမားဟောင်း Emilio Butragueño က တက်ရောက်ကာ ဆုကို လက်ခံရယူခဲ့ပါတယ်။

“ဂန်တိုဟာ ရီးယဲလ်အသင်းရဲ့ သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ အသင်းက မေ့မရနိုင်တဲ့ ဥရောပဖလား (ချန်ပီယံလိဂ်ဖလား) ၅ ကြိမ်ဆက် ရရှိပြီး ဒီပြိုင်ပွဲမှာ စုစုပေါင်း ဆုဖလား ၆ ကြိမ်ထိ အများဆုံး ဆွတ်ခူးရရှိတဲ့ ကစားသမားလည်းဖြစ်ပါတယ်။”လို့ Butragueño က ပြောပါတယ်။

တောင်ပံကစားသမား ဂန်တိုဟာ  ရီးယဲလ်အသင်းမှာ ၁၈ ရာသီကြာ ကစားခဲ့ပြီး လိဂ်အမှတ်ပေးဖလား ၁၂ ကြိမ် ရရှိခဲ့ပါတယ်။

အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဂန်တိုဟာ ရီးယဲလ်အသင်းအတွက် ၁၉၅၃ နှစ်ကနေ ၁၉၇၁ ခုနှစ်ကြား ကစားခဲ့ပြီး ပွဲပေါင်း ၄၂၈ ပွဲ ကစားခဲ့ပြီး စုစုပေါင်း ၁၂၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags