မကွေးမြို့တွင် မိသားစု တပိုင်တနိုင် မှိုစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်သူများပြား

မကွေးမြို့တွင် မိသားစု တပိုင်တနိုင် မှိုစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်သူများပြား

မကွေး၊ နိုဝင်ဘာ ။           ။ မကွေးမြို့တွင် အိမ်တွင်းစီးပွားရေး ဝင်ငွေအဖြစ် တစ်ပိုင်တစ်နိင် မှိုစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်သူ များပြားလာကြောင်း မှိုတစ်ပိုင်တစ်နိုင်စိုက် ပျိုးသူများထံက သိရသည်။

တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် နေအိမ်ခြံဝင်းအတွင်း လုပ်ကိုင်နိင်၍ အမျိုးသားများသာမက အမျိုးသမီးများပါ ဦးဆောင်လုပ်ကိုင်လာကာ အိမ်တွင်းစီးပွားရေး ဝင်ငွေ အနေနှင့် အဆင်ပြေသည်ဟု မှိုတစ်ပိုင်တစ်နိင်စိုက်ပျိုးသူ ဒေါ်တင်တင်လင်းက ပြောသည်။

“ အမျိုးသားက ပညာရေးဌာနက အကြီးတန်းစာရေးပါ ကျွန်မကလည်း အိမ်းက မီးဖိုချောင် ကုန်ကျစရိတ် အတွက် ငွေရှာချင်တာရယ် မိသားစုနဲ့လည်း အိုးမကွာအိမ်မကွာနေရတဲ့ မှိုစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ဖြစ်ပါတယ၊် မကွေးမြို့မှာ ကျွန်မတို့လို တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးခြင်း လုပ်ကိုင်သူတွေ အများအပြားရှိပါတယ်” ဟု ဒေါ်တင်တင်လင်းက ဆိုသည်။

မှိုစိုက်ပျိုးခြင်းလုပ်ငန်းသည် (၉ပေအရှည် ၃ပေအကျယ်)ရှိ ဘောင်များပြုလုပ်၍ ၄င်းဘောင်ပေါ်တွင် နွားချေးများ (၆)တင်းခန့် ဖျန်းခြင်း၊ ဆေးဖျန်းခြင်း ဂျက်စက္ကုများ ရေစွတ်အုပ်ခြင်း မှိုမျိုးစေ့များကျဲခြင်း၊   နောက်တစ်ထပ် နွားချေးများအုပ်ခြင်း အားဆေးများဖျန်း၍ မိုးလုံ နေလုံရန် ပလပ်စတစ်အိတ်များအုပ်ခြင်းနှင့် ဖျာများအုပ်ခြင်းဖြင့် (၁၄)ရက် အုပ်ဆိုင်းထားရကြောင်း၊ (၁၄)ရက်ကျော်လျှင် မှိုများရရှိကြောင်း သိရသည်။ (၉ပေအရှည် ၃ပေအကျယ်)ရှိ မှိုစိုက်ပျိုးထားလျှှင် မှိုစတင်စိုက်ပျိုးသည့်အချိန်မှ (၁၄)ရက် ပြည့်သည့်နေ့တွင် မှိုများ စတင်ရရှိပြီး (၅)ရက်မှ(၇)ရက်အထိ မှိုများ ဆက်ရရှိသည်ဟုသိရပြီး (၉ပေအရှည်၃ပေအကျယ်)ရှိ မှိုတစ်ဘောင်လျှင် (၅ပိဿ မှ ၈ပိဿာ အထိ ရရှိသည်ဟုသိရသည်။

မှိုစိုက်မျိုးလိုပါက မည်သည့်မြေမျိုးမဆို စိုက်ပျိုး၍ရကြောင်း၊ အမှိုက်ပုံများ မီးရှို့ထားသည့် နေရာများတွင် မှို စိုက်ပျိုးမရကြောင်း၊ (၉ပေအရှည် ၃ပေအကျယ်)ရှိ မှိုခင်းစိုက်ပျိုးမည််ဆိုပါက ကုန်ကျငွေ (၁၀၀၀၀)ကျပ်ခန့်သာ ရှိကြောင်း သိရသည်။

မှိုတစ်ပိဿာ ဒိုင်သွင်းလျှှင် (၄၅၀၀)ကျပ်ခန့် ရရှိကြောင်း၊ စားသုံးသူများ ဝယ်စားရသည့်စျေးသည့် (၆၀၀၀)ကျပ်ခန့် ဝယ်စားရသည်ဟုသိရသည်။

“ တစ်ပိုင်တစ်နိုင်မှိုစိုက်ပျိုးတာဟာ မိသားစု မီးဖိုချောင်စရိတ် အဆင်ပြေပါတယ်၊စိုက်ပျိုးရတာလည်း အိမ်ဝိုင်းအတွင်း စိုက်လို့ရတယ်၊မိသားစု အိမ်တွင်းစီးပွားရေး အနေနဲ့ တဖက်တလမ်းက ဝင်ငွေရနေတော့ မှိုစိုက်သုတွေ တဖြည်းဖြည်းများလာတယ်၊မကွေးမြို့က (၁၅)ရပ်ကွက်ရှိတယ်၊ တစ်ပိုင်တစ်နိုင်မှိုစိုက်ပျိုးသူတွေ စုစုပေါင်း(၄၀)ကျော်ခန့် ရှိလာပြီ” ဟု တစ်ပိုင်တစ်နို်င်မှိုစိုက်ပျိုးသူ ဦးကျော်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly