အရိုးရောဂါ သိစရာ (နိဂုံးပိုင်း)

အရိုးရောဂါ သိစရာ (နိဂုံးပိုင်း)

ရန်ကုန် ဆေးတက္ကသိုလ် (၂) အရိုးရောဂါဌာန၊ ပါမောက္ခ ဒေါက်တာ ဦးမြတ်လွင်နှင့် တွေ့ဆုံခြင်း (နိဂုံးပိုင်း)

မေး။   ။ Thiri Moe ဆိုတဲ့သူက မေးတာပါ။ သူက အသက် ၅၀ ရှိပါပြီ။ ခါးနာပြီး ခါး ဘေးကြောတွေလဲ နာပါတယ် ။ တင်ပါးလည်းနာပါတယ်။ ဘာဆေးသောက်ရမလဲဆိုတာ ပြောပေးပါ ။

ဖြေ။    ။ ဒါကလည်း ကျွန်တော် ထပ်ခါထပ်ခါ ဖြေပြီးပါပြီ။ သိပ်ပြီးတော့ နာလို့ရှိရင်တော့ အကိုက်အခဲပျောက်ဆေးတစ်ခုကို သုံးလေးရက် လေးငါးရက် သောက်လို့ရပါတယ်။ ဒါပေမယ့် နာတိုင်းသောက်နေလို့တော့ မကောင်းဘူး။ အကိုက်အခဲပျောက်ဆေးတွေရဲ့ သဘာဝကိုက စွဲတက်ပါတယ်။ စွဲတယ်ဆိုတာက စိတ်ကစွဲတာပေါ့။ ကိုယ်တွေလက်တွေကိုက်နေတယ် အကြောလျော့ဆေးတို့ အကိုက်အခဲပျောက်ဆေးတို့ ဝယ်သောက်လိုက်တယ် နေလို့ သိပ်ပြီးတော့ ကောင်းသွားတယ်။ အဲဒီစိတ် အဲဒီခံစားချက်လေးကို စွဲသွားပြီးတော့ အဲဒီ အကိုက်အခဲပျောက်ဆေး တွေကလည်း သောက်လိုက်လို့ရှိရင် အရမ်းကို နေလို့ကောင်းသွားတယ်။ အဲဒီတော့ အလွယ်တကူ မသောက်သင့်ဘူးပေါ့။ သောက်မယ်ဆိုရင်လည်း အခုသောက်တယ် ၊ နောက်ထပ် သုံးရက်တန်သည် ငါးရက်တန်သည် သောက်မယ်ပေါ့။ တစ်နေ့သုံးကြိမ် သုံးရက်လောက်သောက်၊ သက်သာသွားရင် ရပ်လိုက်ပေါ့။ နည်းနည်းလေးနာတိုင်း သောက်စရာမလိုဘူး နာတယ်ဆိုတာက ခန္ဓာကိုယ်ကတော့ လှုပ်ရှားရင် နာမှာပဲလေ။ အတိုင်းအတာတစ်ခုအထိ လှုပ်ရှားမယ်ဆိုရင် နာတယ် ဒါ သဘာဝပဲ။ နာတယ်ဆိုတာက ကျွန်တော်တို့ခန္ဓာကိုယ်မှာ တစ်ချို့က ပျက်စီးသွားတယ်။ ပျက်စီးသွားပြီးတော့ အသစ်ပြန်ဖြစ်ရတယ်။ ဒါကြောင့်မို့ လူက လေ့ကျင့်ခန်းလုပ်ရင် နုပျိုတယ်ဆိုတာ အဲဒါပဲ။ လေ့ကျင့်ခန်း ကို အတိုင်းအတာတစ်ခုထိ မောအောင်လုပ်လိုက်လို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုပေါ့ ၊ အဲဒါက အချိန်အတိုင်းအတာတစ်ခုအထိပဲရှိတယ် ၊ အကြာကြီး မနေဘူးဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးရှိ တယ်။

မေး။   ။ Ko Tin Win ဆိုတဲ့သူ မေးလာတဲ့ မေးခွနး်ပါ ။သူက အသက် ၃၂ နှစ်ပါ ၊ လွန်ခဲ့ တဲ့ ၁၃ နှစ်လောက်က ၁၀ ပေအမြင့်လောက်က ပြုတ်ကျပြီး ဘယ်ဘက်ခါး နာဖူးပါတယ်။ ခု ပြန်နာ နေတာ ၂ နှစ်လောက်ရှိပါပြီ ။ တင်ပျဉ်ခွေထိုင်ရင် နာပါတယ် ၊ ပက်လက်အိပ်ရင် သက်သာတယ် ၊ ခြေထောက်ကိုပါ ဆွဲထားသလိုပါပဲ ။ နည်းနည်းလေးများ သက်သာမယ့် နည်းလမ်းလေးများရှိရင် ဆရာကြီးအနေနဲ့ အကြံပေးပါဦး ။

ဖြေ။    ။ အခုပေးတဲ့ Information ကတော့ တော်တော်ကို လုံလောက်ပါတယ်။ လွန်ခဲ့တဲ့( ၁၃ ) နှစ်လောက်ကဆိုတော့ သူ့အသက် ၁၉ နှစ်လောက်ကပေါ့ ။ အဲဒီအချိန်မှာ သူ ပြုတ်ကျတယ်။ ပြုတ်ကျတော့ အဲဒီအချိန်က အရိုးတွေက တောင့်တင်းသေးတယ်ဆိုတော့ မကျိုးသွားဘူး မကျိုး ပေမယ့်လည်း ပျက်ဆီးသွားတယ်ပေါ့။ အဲဒီကနေ အာရုံကြောကို ထောက်မိတာပါ ၊ ဒါကတော့ သေသေချာချာ စနစ်တကျ ကုရင်တော့ ပျောက်ပါတယ်။ ဆေးမြီးတိုနဲ့တော့မရဘူး။ ဘယ်လောက်ထိ နာတယ် ၊ အာရုံကြောကို ဘယ်လောက်ထိ ထိသွားတယ် သူမလှုပ်နိုင်ဖြစ်သွားလား ၊ ထုံနေသလား ဒါတွေကို သေသေချာချာ စစ်ဆေးပြီးတော့ ဓာတ်မှန်ရိုက်တာတို့ ခွဲစိတ်ကုသဖို့ လိုမလို သေသေချာချာ စနစ်တကျကုရင်တော့ ပျောက်ပါတယ်။

မေး။   ။ နောက်တစ်ယောက်ကThet Thet ဆိုသူပါ။ ခါးက ငယ်ကတည်းက နာဖူးပါတယ်။ အရိုးအကြော ဆရာတွေလဲ ခဏခဏ ပြဖူးပါတယ်။ အရိုးအကြော ဆေးခန်းတွေမှာ စက်ဆွဲအပူပေးစက် တွေနဲ့ နှစ်ပတ်သုံးပတ်လောက် ပြလိုက် ၊ သက်သာသွားလိုက်နဲ့ တစ်ခါကျတော့ အနင်းခံတာတောင် မထနိုင်ဘူး။ အရိုးအကြောဆေးခန်းမှာ ဆရာဝန်နဲ့ပြတော့လည်း အရိုးအကြော ညပ်သွားတာ တစ်လလောက်ရှိပြီတဲ့ ဆရာကြီးအနေနဲ့ အကြံပေးလို့ရမယ်ဆိုရင် ပေးပေးပါဦး ။

ဖြေ။    ။ ဒီမေးခွန်းကို ဖြေဖို့အတွက်ကတော့ နည်းနည်း အန္တရာယ်ရှိသလိုပဲ။ ဖြေပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ အရိုးအကြောဆေးခန်းဆိုတာက တော်တော်များများက စောစောကပြောတဲ့ အရိုးအကြော ပြန်လည်ထူထောင်ရေးဆရာတွေ ဖွင့်ထားလေ့ရှိတာပေါ့နော်။ ကျွန်တော်တို့ဆရာဝန်ရဲ့ သဘာဝအရ ကျွန်တေ်ာတို့က ခွဲစိတ်ကုတယ်ဆိုပေမယ့် လူနာကို ခုနကပြောသလို လူနာတစ်ခုခံစားရ တယ် ၊ ဘာကြောင့် ခံစားရတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့က ရှာရတယ်။ရှာပြီးတော့မှကုတာ။ အရိုးအကြောဆေးခန်းတွေကျတော့ ခါးနာတယ်ဆုရင် အဆစ်ကွံျတယ်ဆိုပြီးတော့ ခဲဆွဲတယ်။ တချို့ ခဲဆွဲလို့မရဘူးခင်ဗျ။ ကျွန်တော်တို့အတွေ့အကြံုဆိုရင် TB ဖြစ်တဲ့လူနာကို ခဲဆွဲတဲ့အတွက်ကြောင့်မို့ အောက်ပိုင်းသေသွားတာမျိုးတွေ ကြံုဖူးတယ်။ အဲဒီတော့ အကြံပေးရရင်တော့ ကျွန်တော်တို့လိုဆရာ တွေနဲ့ ပြောင်းပြပါလို့။      

မေး။   ။ ဒေါ်ထွေးရီက မေးထားတာပါ။ အသက်က ၆၁ နှစ်ပါတဲ့။ အိပ်ယာ ကနေ ထလို့ရှိရင် တင်ပါးကနေ ခြေဖျားအထိ နာနာနေပါတယ်၊ ဓာတ်မှန်ရိုက်တဲ့အခါမှာလည်း အရိုးညပ်တယ်လို့ ပြောပါတယ်။ ဆေးလည်းသောက်တယ် ဒါပေမယ့် လုံးဝ မပျောက်ပါဘူး။ ဆရာကြီးအနေနဲ့ အကြံပေးပေးပါလား။

ဖြေ။    ။ အသက် ၆၀ ကျော်ဆိုတော့ တစ်ခုတော့ ဖြစ်နိုင်တာပေါ့နော်။ အရိုးကျီးပေါင်းဆိုပြီးတော့ အကြောညပ်ပြီးတော့ အာရုံကြောကိုထိပြီးတော့ ကျဥး်သွားတယ်။ ခါးရိုးအကြောကြီးက ကျဉ်းသွားပြီး တော့ ၊ အထဲက အာရုံကြောလေးတွေ ညပ်တဲ့အတွက်ကြောင့်မို့ နာတာ။ နောက်တစ်ခုက အရိုးပွတာ ကြောင့်လည်း ဖြစ်နိုင်တယ်။ ဒီနှစ်ခုတည်းက တစ်ခုခုကို ကျွန်တော်တို့ လူနာကို သေချာအောင်မေး မယ်။ စမ်းသပ်မယ် လိုအပ်တဲ့ ဓာတ်မှန်တွေ ရိုက်မယ်ဆိုရင်ကုလို့တော့ရတယ်။ဘယ်ဟာဆိုတာတော့ အခုလိုမျိုးနဲ့ အတိအကျတော ့မပြောနိုင်ဘူးပေါ့။  

မေး။   ။ အရိုးအတွက် အန္တရာယ်ရှိတဲ့အပြုအမူ၊ ပြီးလို့ရှိရင် အစားအသောက်ပေါ့ ။ ဒါကို ခြံုပြီးတော့ ဆရာကြီး Highlight လုပ်ချင်တဲ့ ၊ ပေးချင်တဲ့ Message လေးရှိရင်လည်း ပေးပါဦး ။

ဖြေ။    ။ ပေးချင်တဲ့ Message က စောစောက ကျွန်တော်ပြောသလိုပေါ့။ သေးသေးလေးကနေ ကြီးလာတဲ့ လူ့ဘဝဆိုတာ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတာပေါ့။ အဲဒီတော့ ကြီးထွားတဲ့အချိန်က အရေးကြီးဆုံးပဲ။ အဲဒီတော့ ငယ်ငယ်လေးကတည်းက အစားအသောက်မှန်ဖို့လိုတယ်။ လေ့ကျင့်ခန်း တစ်ခု မှန်မှန်လုပ်ဖို့လိုတယ်။ နောက်ပြီးတော ့အရက်တို့ ဆေးလိပ်တို့ အလွန်အကျွံမသောက်ဖို့ အိပ်ချိန် စားချိန်မှန်ဖို့ အဲဒါတွေပေါ့။ စားတာကတော့ အာဟာရရှိတဲ့ ဘယ်အစားအစာမဆို စားလို့ ရပါတယ်။

မေး။   ။ အရိုးသန်မာဖို့ဆိုရင် သိတတ်စကလေး ၅ နှစ်ကနေစပြီးတော့ ဘယ်လိုမျိုး လေ့ကျင့်ခန်းမျိုးကို လုပ်သင့်လဲ။

ဖြေ။    ။ ၅ နှစ်အရွယ်ကတော့ လေ့ကျင့်ခန်း လုပ်စရာ မလိုသေးဘူးပေါ့။ ဘယ်အရွယ်စလုပ်သင့် သလဲဆိုတော့ နည်းနည်း လှချင်လာတဲ့အရွယ်ပေါ့။ အဲဒီအချိန်မှာ GYM တွေဘာတွေ သွားဆော့ရင် တော့ ကောင်းပါတယ်။ အခုက ခက်သွားတာက ကျွန်တေ်ာတို့ငယ်ငယ်က လမ်းဘေးမှာ ဘောလုံးကန် ခဲ့တာလေ။ အခုကလေးတွေက အဲဒီအခွင့်အရေး မရှိတော့ဘူး။ Facebook ပဲသုံးပြီးတော့ တယ်လီဖုန်းနဲ့ပဲ ပြီးနေတယ်။ ဟိုတစ်နေ့က တီဗီမှာတော့ တွေ့လိုက်တယ်။ ကျန်းမာရေး ဝန်ကြီးဌာန ကနေပြီးတော့ အားကစားရုံတွေ ပြင်ပြီးတော့ ၊ လူတွေလာပြီးတော့ ကစားဖို့ သွားကစားဖို့ အကြံပေး ချင်ပါတယ်။

မေး။   ။ Aye Myat ဆိုသူက မေးထားတာ အရိုးပူးရောဂါအကြောင်းလေးလည်း  ဖြေပေးပါ ။  

ဖြေ။    ။ အရိုးပူးရောဂါဆိုတာက သူဆိုလိုချင်တာက ကလေးတွေမှာ မွေးရာပါပေါ့။ တချို့မွေးတယ် လက်ချောင်းလေးနှစ်ချောင်း ပူးနေတာတို့ သုံးချောင်းပူးနေတာတို့ ဒါတွေက ကုလို့ရပါတယ်။ တချို့ ကျတော့ အရေပြားပဲပူးတာ အသားပဲပူးတာ တချို့ကျတော့လည်း အရိုးပူးတယ် ဒါတွေက ခွဲစိတ်ပြီး တော့ ကုလို့ရပါတယ်။ အရိုးပူးတယ်ဆိုတာကတော့ ကျွန်တေ်ာကတော့ အဲဒါကိုပဲ နားလည်ထား တယ်။ တခြားဟာဆိုရင်တော့ ပြောရခက်မယ်ထင်ပါတယ်။    ။         

အပိုင်း(၁)အား ကြည့်ရှုရန်- http://mizzimaburmese.com/article/33763

အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၂)

အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၃)

                                        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required