ဒီဂျစ်တယ်နည်းပညာများကို ပြောင်းလဲအသုံးမပြုပါက အသေးစားအလတ်စားလုပ်ငန်းများ စျေးကွက်အတွင်းမှ ပျောက်ကွယ်နိုင်

ဒီဂျစ်တယ်နည်းပညာများကို ပြောင်းလဲအသုံးမပြုပါက အသေးစားအလတ်စားလုပ်ငန်းများ စျေးကွက်အတွင်းမှ ပျောက်ကွယ်နိုင်

နိုဝင်ဘာ ၈ ။        ။ ဒီဂျစ်တယ်နည်းပညာများကို ခေတ်နှင့်အညီပြောင်းလဲအသုံးပြုခြင်းမရှိပါက အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့် အခြားလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ စျေးကွက်အတွင်းမှ ပျောက်ကွယ်သွား မည့် အခြေအနေနှင့် ရင်ဆိုင်နိုင်ရနိုင်တယ်လို့ နို၀င်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ် သည့် ဒီဂျစ်တယ်နည်းပညာပြောင်းလဲရေး ထိပ်သီးစည်းဝေးပွဲမှ သိရပါတယ်။

ယင်းအစည်းအဝေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်က ဒစ်ဂျစ်တယ်နည်း ပညာကို အသုံးပြုတဲ့ လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းမြန်ဆန်စေခြင်းပြီး ကုန်ကျစရိတ်သက် သာတာကြောင့် လုပ်ငန်းပိုမိုတိုးတက်လာမယ်လို့ မီဒီယာများပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒစ်ဂျစ်တယ်နည်းပညာကို မပြောင်းလဲနိုင်တဲ့ လုပ်ငန်းတွေ အနေနဲ့ '' အဲဒါမလုပ်ရင်တော့ လုပ်တဲ့ လူတွေနောက်မှာ တဖြေးဖြေးကျန်ခဲ့မှာပေါ့။ Digital Transformation ကို မသွားရင် ကိုယ်က စရိတ်ကြီးပြီး ကျန်ခဲ့မယ်။ ၀င်ငွေနည်းပြီး ကျန်ခဲ့မယ်ဆိုရင် တဖြေးဖြေးမယှဉ်နိုင်ပဲနဲ့ နောက်ဆုံးပျောက်ကွယ်သွားမှာပေါ့"" ဟု ဦးသောင်းတင်က ဆိုပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ US ICT ကောင်စီတို့ ပူးပေါင်းကျင်းပတဲ့ ဒီအစည်း အဝေးပွဲမှာ US ICT ကောင်စီအဖွဲ့ဝင် အမေရိကန်နည်းပညာကုမ္ပဏီများဖြစ်သည့် Google၊ Microft၊ Oracle ၊ VM  Ware ၊ Cisco နှင့် VISA များ၊ ICT ကဏ္ဍများရှိ SME များကိုး အထူးပြုလုပ်ဆောင် နေသော UMFCCI အဖွဲ့ဝင်များက စီးပွားရေးလုပ်ငန်းများအား ဒီဂျစ်တယ်စနစ်ပြောင်းခြင်းနှင့် ဆိုင်ဘာလုံခြုံရေးအား အဆင့်မြှင့် တင်ခြင်း၊ စျေးကွက်ဖော်ဆောင်ရေးနှင့် စီးပွားရေးလုပ်ငန်းတို့ တိုးချဲ့ရေးအတွက် အင်တာနက်အား အသုံးပြုခြင်းများကို ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်ခြေစိုက် နည်းပညာကုမ္ပဏီ VMWare ၏ မြန်မာနိုင်ငံတာဝန်ခံ ဦးထွန်းထွန်းလင်းက '' Digital Transformation ကို ကုမ္ပဏီအသေးလေးတွေက ပိုတောင်လိုအပ်သေးတယ်။ လူတွေ လုပ်နေတဲ့ Manual  အမှားတွေလည်းမရှိတော့ဘူး။ အဲဒီတော့ အခါခါပြန်လုပ်ရတာမျိုးလည်းမရှိတော့ဘူး။ ပြီးရင်နောက်တစ်ခုက သူတို့ရဲ့ Business က ၀င်ငွေကိုလည်း မြှင့်သွားနိုင်တယ်။ ဥပမာ-ကိုယ့်ကြားရတာက Customer က အော်ဒါတင်နေတယ်။ ကိုယ်ဘက်မှာ ပို့စရာ ပစ္စည်းက အဆင်သင့်ဖြစ်မနေသေးဘူး။ အဲဒီတော့ Customer က သူကိုမရွေးပဲနဲ့ တခြားတစ်ယောက်ဆီက ၀ယ်သွားတာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေ ဆိုတော့ ကုမ္ပဏီတွေအတွက် နစ်နာတာပေါ့။ အဲဒါမျိုးတွေမဟုတ်ပဲနဲ့ တကယ်သာ Digital Transformation သုံးထားပြီးတော့ ဘယ်အချိန်မှာ Customer အော်ဒါလုပ်မယ်ဆိုတာ ကြိုပြီးတော့ Real Time ပေါ့ ချက်ချင်းသိတယ်ဆိုရင် ကြိုပြီးပြင်ဆင်ထားရင် မဆုံးရှုံးတော့ဘူးပေါ့"" လို့ ဆိုပါတယ်။

ယင်းသုံး ဒစ်ဂျစ်တယ်နည်းပညာသို့ ပြောင်းလဲအသုံးပြုရာတွင် လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အသုံးပြုခြင်း ပြောင်းလဲခြင်းမျိုးထက် မိမိလုပ်ငန်း၏ အသုံးစရိတ်နှင့် ပြန်လည်ရရှိ စေနိုင်မည့် ၀င်ငွေကို သေချာတွက်ချက် ကာ အဆင့်လိုက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သင့်တယ်လို့ ယင်းက ဆက်လက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly