မန္တလေးတွင် မိုးလေဝသ အဆင့်(၁)သင်တန်း ဖွင့်လှစ်သင်ကြားပေးနေ

မန္တလေးတွင် မိုးလေဝသ အဆင့်(၁)သင်တန်း ဖွင့်လှစ်သင်ကြားပေးနေ

 

မန္တလေး၊ နိုဝင်ဘာလ ၈ ။        ။ မန္တလေးတိုင်းဒေသကြီး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည် ဌာနခွဲ)တွင် မိုးလေဝသ အဆင့်(၁)သင်တန်း လှစ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနများရှိ ၀န်ထမ်းများအား မိုးလေဝသ ခန့်မှန်းချက်များ တိကျမှန််ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုဝင်ဘာ ၆ ရက်မှစတင်ကာ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ဒီလို မိုးလေဝသလုပ်ငန်း ကျွးမ်းကျင်မှုဆိုင်ရာသင်တန်းပြီးသွားတော့ လက်တွေ့မြေပြင်မှာ မှန်မှန်ကန်နဲ့ မိုးလေဝသ(ဗဟို)ကို ပြည်နယ်တိုင်းခန့်မှန််းချက်တွေ ပေးပို့နိုင်မယ်။စနစ်တကျတိုင်းထွာရရှိတဲ့ မိုးလေဝသ အခြေအနေသတင်းအချက်အလက်တွေနဲ့ ဒေသအလိုက် ရာသီဥတုမိုးလေဝသကို အသုံးချပြီးဒေသဖွ့ံဖြိုး ရေးတွေမှာ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်”ဟုမိုးလေဝသနှင့် ဇလဗေဒ(အထက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

ယခုသင်တန်းဆင်းပြီးပါက တိုင်းနှင့် ပြည်နယ်အသီးသီး၏ မိုးလေဝသဆိုင်ရာ သတင်း အချက်အလက်များကို ပိုမိုမှန်ကန်စွာ ဖြင့်မိိုးလေဝသန့်ခန့်မှန်းရေး(ဗဟို)သို့   ပေးပို့သွားနိုင်မည်   ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့မှလာရောက်သင်တန်းတက်သည့် မဇင်နွယ်သန်းက "ဒီသင်တန်းက ဘာသာပေါင်းစုံတစ်နေရာထဲမှာ သင်ကြားခွင့်ရတဲ့အတွက် ကိုယ့်ဒေသမှာ ပြန်ပြီး အလုပ်လုပ်တဲ့ အခါပိုပြီး အကျိုးရှိပါမယ််။တိုင်းထွာချက်တွေကို စနစ်တကျနဲ့ လုပ်ပြီး ထုတ်ပြန်ပေးနိုင်ရင် ပြည်သူလူထု အတွက် များစွာ အထောက်အကူပြုနိုင််မယ်။"ဟု ပြောသည်။

အဆိုပါသင်တန်းတွင် မိုးလေဝသတိုင်းထွာချက်များအား မျက်မြင်လေ့လာ သတင်းပေးပို့ခြင်း၊ မိုးလေဝသ အခြေအနေများကို စနစ်တကျတိုင်းထွာခြင်း၊ ခေတ်နှင့်အညီ တိုင်းတာရေးကိရိယာများ လက်တွေ့အသုံးပြုခြင်း တို့အပြင် ပြောင်းလဲလာသော ရာသီဥတုအစွန်းရောက်မှု အခြေအနေများနှင့် သင်ခန်းစာအသစ်များကို ကျွမ်းကျင် ဆရာများက ပို့ချပေးနေကြောင်းသိရသည်။

အဆိုပါသင်တန်းသို့ အထက် မြန်မာပြည်နှင့်အောက်မြန််မာပြည်ဌာနခွဲအသီးသီးမှ ၀န်ထမ်း ၆၀ ဦး တက်ရောက် သင်ကြားလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly