အဆိုတော် စိုင်းထီးဆိုင်ရဲ့ သမီးပေမယ့် ကိုယ်ကိုကိုယ်ပဲ အားကိုးချင်တဲ့ ဆိုင်စံ

အဆိုတော် စိုင်းထီးဆိုင်ရဲ့ သမီးပေမယ့် ကိုယ်ကိုကိုယ်ပဲ အားကိုးချင်တဲ့ ဆိုင်စံ
ဓာတ်ပုံ-ထူး
 

စိုင်းထီးဆိုင်ရဲ့ ပရိသတ်တွေက အများသားမို့ သူ့သီချင်းတွေနဲ့ အများစုက မစိမ်းလှပါဘူး။ စိုင်းထီးဆိုင် ကွယ်လွန်သွားပြီးနောက် သူ့ရဲ့ အနုပညာအမွေကို သမီးဖြစ်သူ ဆိုင်စံက ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။  အဖေဖြစ်သူရဲ့ အရိပ်ထက် ကိုယ့်ကိုယ်ကိုသာ အားကိုးချင်သူလည်း ဖြစ်ပါတယ်။

မေး ... မင်္ဂလာပါ။ ညီမလေး အနေနဲ ့ အသက်၉နှစ်အရွယ်မှာ ဖခင်ဦးစိုင်းထီးဆိုင်နဲ ့ “ မနက်ဖြန်ဆက်ရန်” ဆိုတဲ ့ အခွေထဲမှာ အင်္ဂလိပ် သီချင်းလေးတစ်ပုဒ်ဆိုထားတာ သိရပါတယ်။ အဲဒီသီချင်းလေးဆိုဖြစ်ပုံလေး ပြောပြပါလား ။

ဖြေ ... အစ်ကိုက ငယ်ငယ်လေးထဲက ကီးဘုတ် တီးတယ်။ ဖေကြီးက သင်တန်းထားပေးတော့ ညီမကလည်း ဆိုချင်တယ် ။ အမေက အဲဒီခွေလေးထဲမှာ ဆိုစေချင်တယ် ကိုကြီးကိုလည်း သူနိုင်သလောက်လေး တီးခိုင်းဖို့ ဖေကြီးကိုပြောတယ် ။ အဲဒီ အင်္ဂလိပ်သီချင်းလေးကလည်း  နှလုံးသားအဟာရလို သီချင်းမျိုးလေးပေါ့။ ရှာပြီးတော့ ဆိုဖြစ်တာပါ ။

မေး ... ဒီငယ်ငယ်လေးထဲက ကိုကိုယ့်ကို ဂီတ ပိုးဝင်သွားတယ်လို ့ထင်လဲ။

ဖြေ ... ၅ နှစ်သမီးလောက်ထဲက အန်တီကော်နီ သီချင်းတွေဆိုတာ။ အ့ ဒီအရွယ်ကတည်းက  စကား ပီကလာ မပီကလာနဲ ့ပေါ့။

မေး ... နောက်တစ်ခုသိချင်တာက ကိုယ်ကိုတိုင်က ဂီတကိုဝါသနာပါတာလား။  ဒါမှမဟုတ် ကိုယ့်အဖေက နိုင်ငံကျော်တစ်ယောက်ဖြစ်နေလို ့ ၀ါသနာပါသွားတာလား။

ဖြေ ... ကိုယ့်အဖေက ဘယ်လောက် နာမည်ကြီးလို ့ ကြီးမှန်းမသိဘူး။ ငယ်ငယ်လေးတုန်းက ဆိုရင်လေ အဲအရွယ်ထဲက ၀ါသနာပါလာတာ သွေးပေါ့နော် ။ မောင်နှမ ၃ ယောက်စလုံး ၀ါသနာပါတာ ။

မေး ... ညီမလေးက ဂီတကို ၀ါသနာပါမှန်း ဖေဖေ ဦးစိုင်းထီးဆိုင်က သိသွားတော့ နောက်ကနေ အားပေးမှုတွေ ထောက်ပံ့ပေးမှုတွေ ဘယ်လောက်ရှိလဲ ။

ဖြေ ... ဖေကြီးကတော့လေ သီချင်းများများ နားထောင်ဖို ့နောက်ပြီးတော့ သူကတော့ ကတိုက်ကရိုက်က ပိုများတယ်။ သူကိုယ်တိုင်လည်း မအားတဲ့သူဆိုတော့ နက်ဖြန်ဆိုရမှာကို ဒီနေ့ညမှ ပေးတာတို ့ ။ တခြားကတော့ ဘာမှကိုမပြောတာ ဘာမှလည်း သင်မပေးဘူး ။

မေး ... ဖေဖေ့နဲ ့အမှတ်တရတွေ အများကြီးရှိခဲ ့မယ်ထင်ပါတယ် အဲ ့ဒီထဲက တစ်ခုကိုပြောပါဆိုရင်ရော ။

ဖြေ ... သူနဲ ့ကတော့ အမှတ်တရတွေကတော့ တကယ်ကိုများတာပါ ။ အဲထဲက သူ့ရဲ့စိတ်ဓာတ်တစ်ခုကို မြင်ရမယ့် အကြောင်းအရာတစ်ခု ဆိုရင် တစ်နေ ့သမီးဘယ်သွားချင်လဲ မေးတယ်။ ကန်တော်ကြီး သွားချင်တယ် ပြောတော့ လိုက်ပို ့ပေးတယ် ။ အဲ့ဒီကနေ ပြန်လာတဲ့ အချိန်မှာလင်မယားနှစ်ယောက်က အရှေ့ကနေ ဖြတ်သွားတော့ ယောကျင်္ားလုပ်တဲ ့သူက မြင်သွားတယ် ။ ( ဟာ ကိုထီး)  ဆိုပြီး သူက ခေါ်လိုက်တယ်။  အဲမှာ ဖေကြီးက ဦးထုပ်ကို ထပ်နှိမ့်ပြီး ဆောင်းလိုက်တယ် ။ ဖေကြီးနဲ့ ညီမနဲ ့ အမြဲတမ်း ပြသနာတက်တယ်။ ဘာလို ့ဆို သူငယ်ချင်းတွေလို ပေါင်းတော့လေ ။ သူအဲလိုမျိုး မျက်နှာတွေ ဘာတွေ ပျက်သွားရင် ကိုယ်က တကယ်မခံစားနိုင်ဘူး။ ချစ်တာကိုး။  ငါ့ကြောင့် သူစိတ်ဆင်းရဲသွားရပြီလားပေါ ့။ ဒါပေမယ့်လည်း  အဲဒါကို တောင်းပန်တဲ ့ဖက်ကနေ မဖော်ပြဘူး။ ရန်လုပ်လိုက်တာများတယ် ။ ဖေကြီးကလည်း ကိုယ့်ဟာကို နာမည်ကြီးအောင်လုပ်ပြီးတော့ ခုတော့ လူမြင်မခံချင်ဘူးပြောတော့။ အမှန်ကိုယ့်အပြစ်ကို သူကို ကြိုအပြစ်တင်ပြောလိုက်တာ ။အဲ ့ချိန်သူပြောတာ ဖေကြီးက နာမည်ကြီးချင်လို ့ အဆိုတော် လုပ်တာ မဟုတ်ဘူးတဲ့။ ဖေကြီးက ဆင်းရဲတယ် ၊ ရုပ်ဆိုးတယ် ။ လူတွေက  အရမ်းနှိမ်တယ် အထင်သေးကြတယ်။ ဒီကောင် ဘာအရည်အချင်း တစ်ခုမှမရှိတဲ ့အကောင်လို ့ ထင်ကြလို ့။ ဖေကြီးမှာ အရည်အချင်းတစ်ခု ရှိတယ်ဆိုတာ ပြချင်လို ့။ ဖေကြီးတတ်တဲ ့ပညာတစ်ခုကိုပြချင်လို ့။ ဒီသီချင်းဆိုတဲ ့ အဆိုတော်အလုပ်ကို လုပ်ပြတာ  နာမည်ကြီးချင်လို ့မဟုတ်ဘူး ။ အဲစကားကိုပြောတာ တကယ်အမှန်ရှိရမယ့် စိတ်ဓာတ်ပေါ ့နော်။ အဲ ့ဒါကြောင့် သူ ့ကို အရမ်းအားကျရတယ်လေးစားရတယ် ။ သူ ့ရဲ ့အတွေးအခေါ်တွေ သူ ့ရဲ ့စိတ်ဓါတ်တွေနဲ့ ကိုယ်ကိုတိုင်လည်း ရပ်တည်နိုင်အောင် ကြိုးစားတယ်။

မေး ... နောက်တစ်ခုက ဦးစိုင်းထီးဆိုင် မရှိတော့တဲ ့နောက်ညီမ ဒီဂီတလောကထဲကို ဘယ်လိုဝင်လဲပေါ့။ အရင်ထဲက သီချင်းတွေဆိုလာတာတော့ မှန်တယ် ။ အဖေမရှိတော့တဲ ့နောက်ပေါ ့။ အဆက်အသွယ် မပြတ်သွားအောင် ဘယ်လိုနေလဲပေါ ့။

ဖြေ ... တကယ်တမ်းက အဆက်အသွယ်ပြတ်သွားတာပါ။ ဖေကြီးဆုံးသွားပြီးတဲ ့ချိန်မှာ   The Aces က အန်တီငြိမ်းငြိမ်းအိ တို ့ကခေါ်ပေးတယ် ။ အမေကလည်း ဖေကြီးမရှိတဲ ့ နောက် သမီးလေးကို ဆိုစေချင်တယ်။ အဲဒီကနေ ပြန်ဆိုဖြစ်တာ ။

မေး ... ခုလို ကြိုးစားလာခဲ ့ရပြီးတော့ ဆိုင်စံ ဆိုတဲ ့နာမည်တစ်ခုရလာဖို ့ ဦးစိုင်းထီးဆိုင် ရဲ ့အရှိန်အဝါ ဘယ်လောက်ပါခဲ့လဲ ။

ဖြေ ... ပါ..ပါတယ် ။ ဒီလောကထဲကိုရောက်လာချိန်ကတည်းက အနုပညာအသိုင်းဝိုင်းတစ်ခုလုံးက ချစ်ကြတယ် ။ ဖေကြီးကလည်း လူချစ်လူခင်ပေါတဲ ့ အတွက် ။ သူကိုယ်တိုင်က တလောကလုံးနဲ ့ချစ်အောင် ခင်အောင်ပေါင်းထားတဲ ့ အတွက် ကိုယ့်ကိုလည်း သူ ့လိုပဲချစ်ကြပါတယ် ။

မေး ...  ခုချိန်မှာ သူ ့သီချင်းတွေပြန်ဆိုဖြစ်တဲ ့ခါကျတော့ရော စိတ်ခံစားချက်က ဘယ်လိုဖြစ်လဲ ..။

ဖြေ ... အရမ်းကြိုက်တဲ ့ သီချင်းတွေဖြစ်နေတော့ ဆိုချင်နေတာ တကယ်ဆိုဖြစ်တဲ့ အခါကျတော့ စိတ်ဖိစီးမှုအရမ်းများတယ် ။ ဖေကြီးကို မမှီတာရော၊  ဘယ်လိုမှလဲမှီမှာမဟုတ်ဘူးလေ။  ခုချိန်ထိ ပြန်နားထောင်မိရင်တောင် ကောင်းလိုက်တာ၊ ငါနဲ ့များကွာလိုက်တာပေါ ့။ အဲ ့လိုမျိုး ခံစားမှုက အမြဲရှိနေတာလေ။

မေး ... အဆုံးအဖြတ်အခွေလေး ထွက်လာတော့ရော ပရိသတ်တွေရဲ ့အားပေးမှုက ဘယ်လောက်ရှိလဲ ..။

ဖြေ ... အဆုံးအဖြတ်အခွေက ညီမ ဘဝမှာ လုပ်ခဲ ့သမျှတွေထဲမှာ အအောင်မြင်ဆုံးပြောလို ့ရပါတယ်။ DVD လည်း သိသလောက်ဆိုရင် ၃ လေးထောင်လောက်တော့သွားတယ် ။ ဘာပဲပြောပြော အခွေရောင်းအားကောင်းတယ်။ ခုအခွေမှာတောင် အဲ ့လို ဖြစ်ချင်မှ ဖြစ်ပါ ့မလားလို ့ စိတ်ပူနေရတယ် ။

မေး ... ဟုတ်ကဲ ့ လာမယ့်လမှာထွက်မယ့် ဆုတောင်းတေးဆိုတဲ ့ အခွေလေးအကြောင်းပြောပြပါလား ။

ဖြေ ... “ဆုတောင်းတေး” ဆိုတဲ ့အခွေက သီချင်းအသစ်တွေပေါ့နော် ။ အဖေ့သီချင်းတွေ မဟုတ်တော့ဘဲနဲ့ စီစဉ်ထားတာ ။ ဘာလို ့လဲဆိုတော့တခါတလေကျရင် လူတွေက ထင်တယ်။ အဖေ့သီချင်းမှ မဟုတ်ရင် ကျန်တာဘာမှ မဆိုတတ်တော့ဘူးလား ။ ကိုယ့်ကိုထင်ကြလွန်းလို့လေ ။ ကိုယ်ပိုင်ဖန်တီးမှုလေး ဖြစ်အောင် အဲ ့ ခွေလေးထဲမှာ ကိုပူစူးရယ် ၊ ကိုလင်းနစ်ရယ် ကိုချစ်မင်းရယ်  ကိုဒွဲလာ ကိုအေရွန် သူတို ့သီချင်းတွေနဲ ့ ညီမကိုယ်တိုင်ရေးတာလည်း ပါတယ် ။ အရမ်း ရင်းနှီးတဲ ့သူတွေဆိုတော့  ကိုယ်ကြိုက်တဲ ့ သီချင်းလေးတွေ ယူပြီးတော့ စီစဉ်ထားတာပါ ။

မေး ... ဆိုင်စံ ကိုပဲ သီးသန် ့အားပေးတဲ ့ ပရိသတ်ကိုရော ဘာပြောချင်လဲ ..။

ဖြေ ...  စိုင်းထီးဆိုင် သမီးမဟုတ်ပဲ ကိုယ်ကိုတိုင်ကို အားပေးတဲ ့ အတွက်ကျေးဇူးတင်ပါတယ် နောက်ထပ် လည်း ကိုယ့်တစ်ယောက်တည်းကိုသပ်သပ် ချစ်စရာခင်စရာလေးတွေရှိနေအောင်လို ့ သီချင်းလေးတွေ  ဆက်ပြီးတော ့ ဖန်တီးထားပါဦးမယ်လို ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly