ဆံပင်ကျွတ်တာကို ဘယ်လိုလုပ်မလဲ

ဆံပင်ကျွတ်တာကို ဘယ်လိုလုပ်မလဲ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀၀ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါး ခြင်း များဖြစ်ပါကသင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ ထိုပြဿနာများကိုအောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။

ဆံပင်ထိန်းသိမ်းမှုအလေ့အထကိုပြုလုပ်ပါ။

ဆံပင်ကိုစနစ်တကျထိန်းသိမ်းခြင်းအားဖြင့်ဆံပင်ကျွတ်ခြင်း ကိုထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အ ခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ် တာနည်းလာနိုင်ပါတယ်။

အရေပြားဆိုင်ရာပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦး ရေပြားကိုနှိပ်နှယ်၍လျှော်ပါကဆံသားပျက်စီးခြင်းကိုလျော့ ကျစေနိုင်တယ်လို့ဆိုထားပါတယ်။ ထို့နောက်ဆံသားကိုမ ပွတ်ဘဲရေဆေးပြီးနောက် ပျော့ဆေးကိုအသုံးပြုနိုင်ပါသည်။

ဦးရေပြားကိုဆေးလိမ်းပါ။

Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည်အမျိုးသ မီးများတွင်ဆံပင်ကျွတ်ခြင်းကိုလျော့နည်းစေပြီးဆံပင်သန်စေ ပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲရပ်လိုက်လျှင်တော့ အာနိသင်ပြမှာမဟုတ်ပါဘူး။

ဆံပင်ကျွတ်ခြင်းဟာခေတ္တခဏဖြစ်သည်ဆိုတာနားလည်ပါ။

ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ နေမ ကောင်းချိန်၊ မီးဖွားချိန် နှင့် စိတ်ဖိစီးမှုများချိန်များတွင်ဆံပင် အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင်ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက်ပြန်ပေါက်နိုင်တာကိုသိထား သင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့်စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင်ကာကွယ်နိုင်ပါ တယ်။

အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုရှာမတွေ့လျှင် သင့် လျော်သော ကုသမှုခံယူနိုင်ရန်အရေပြားဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

ကျန်းမာရေးနှင့်သင့်လျော်သော အစားအသောက်ကိုစားသုံးပါ။

ကျန်းမာရေးနှင့်သင့်လျော်သောအစားအစာကိုစားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သောဓာတုပစ္စည်းများကိုလျော့နည်းစေနိုင် ပါတယ်။ ဆီကြော်မုန့်များ၊ အနီရောင်ရှိသောအသား၊ အာလူး၊ pasta၊ အသင့်စားခေါက်ဆွဲ နှင့် အချိုမှုန့်များသည်ဆံပင် ကျွတ်စေနိုင်ပါတယ်။ ထို့ပြင် သကြား၊ ချော့ကလက်၊ ရေခဲမုန့် နှင့်အချိုရည် များသည်လည်းဆံပင်ကျွတ်စေနိုင်သောကြောင့် လျှော့စားသင့်ပါတယ်။

ဆံပင်ကျွတ်ရခြင်းအကြောင်းအရာများစွာရှိပါတယ်။  ထိုအ ခြေအနေများကိုဖြေရှင်းရန်နည်းလမ်းမတွေ့လျှင်တော့အရေ ပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါသင့် ကိုဘယ်လိုလုပ်သင့်ကြောင်းအကြံဉာဏ်များပေးပါလိမ့်မည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly