ကိုယ်အလေးချိန် မြင့်တက်စေနိုင်သော အသီးအနှံ (၅) မျိုး

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သော အသီးအနှံ (၅) မျိုး

ရေးသားသူ Dr. Ye Pyae Hein 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အသီးအနှံများကို လေ့လာကြည့်လျှင် ကျန်းမာရေးအတွက် အကျိုးပြုသည်ကို တွေ့ရမည်။ အရသာရှိရုံမျှမက ဗီတာမင်နှင့်အခြားသော အာဟာာရဓာတ်များကိုလည်း ပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကို စုံလင်စွာ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ခန္ဓာကိုယ်၏ လုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။သို့သော်လည်း အသီးအနှံအားလုံးတိုင်းမှာမူ သင်၏ ခန္ဓာကိုယ်ကိုလှပစေနိုင်မည် မဟုတ်ပါ။ လွန်ကဲစွာ စားသုံးပါက ကိုယ်အလေးချိန် တိုးစေနိုင်သော အာနိသင်လည်းရှိပါသည်။

ငှက်ပျောသီး

မနက်စာအဖြစ် နှစ်သက်စွာပင် ငှက်ပျောသီးကိုစားလေ့ရှိသည်။ အရသာရှိပြီး ဗိုက်ဝစသည့် အသီးကိုမည်သူကမနှစ်သက်ဘဲနေလိမ့်မည်နည်း။ သို့သော် ငှက်ပျောသီးတွင် ပါ၀င်သော အမျှင်ဓာတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင်စီတို့က ကယ်လိုရီ (၁၈၀) အထိရှိသည်ကိုတော့ သတိပြုရပေမည်။ ငှက်ပျောသီးကိုများပြားစွာစားသုံးလျှင် ကိုယ်အလေးချိန် ကျိန်းသေပေါက် တိုးလာမည် ဖြစ်သည်။

ချယ်ရီသီး

အရည်ရွှမ်း၍ အရသာရှိသော ချယ်ရီသီးကိုမည်သူမျှ ငြင်းမည် မဟုတ်ပေ။ လူအများစုက နှစ်သက်စွာပင် အခြားအသီးများထက် ပို၍ စားသုံးတက်ကြသည်။ ချယ်ရီသီးတွင် ပါ၀င်သော ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်တွင်းမှပိုလျှံသောဆိုဒီယမ်ဓာတ်ကိုစွန့်ထုတ်စေခြင်းဖြင့် သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့်ခန္ဓာကိုယ်အတွက် အကျိုးမရှိဟု ငြင်းရန်ခက်ပါသည်။ သို့သော်လည်းချယ်ရီသီးတွင် သကြားဓာတ်များပြားစွာ ပါ၀င်ခြင်းကကိုယ်တွင်းသကြားဓာတ်ကိုတိုးမြင့်စေနိုင်ပါသည်။

ထောပတ်သီး

ထောပတ်သီးသည် နို့ကဲ့သို့ အဆီဓာတ်ပါသော အခြားအစားအစာဖြစ်သည်။ကိုယ်အလေးချိန် မတက်လိုပါကသင့်တော်ရုံသာစားပေးသင့်ပါသည်။ခန္ဓာကိုယ်အတွက် အကျိုးပြုသောမိုနိုအဆီများ ပါ၀င်သော်လည်း ကယ်လိုရီဓာတ်လည်းများပြားစွာ ပါ၀င်သည့် အသီးဖြစ်ပါသည်။

သဖန်းသီး

သဖန်းသီးတွင် အမျှင်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ပါ၀င်သည်။ ကျန်းမာရေးအတွက်ကောင်းသည်ဟုယူဆပြီးအလွန်အမင်းစားသုံးပါကကျန်းမာရေးအတွက်မသင့်တော်သလိုခန္ဓာကိုယ်လည်း ၀ဖြိုးလာစေနိုင်သည်။သဖန်းသီးတွင် သကြားဓာတ်များပြားစွာပါ၀င်သည့်အတွက် ကိုယ်အလေးချိန် လျှော့ချလိုပါကသင်၏အစားအစာထဲတွင် ထည့်သွင်းစားသုံးခြင်းမပြုသင့်ပါ။

သရက်သီး

သရက်သီးသည် အမျှင်ဓာတ်နှင့် ဗီတာမင်စီတို့ များစွာပါ၀င်သော အသီးဖြစ်သည်။ သို့သော် သကြားဓာတ်လည်း များစွာပါ၀င်သည်ကို သတိပြုသင့်သည်။ ထိုမှတစ်ဆင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သည်။ ထို့ကြောင့် အသီးအလုံးလိုက်စားခြင်းထက် အချိုတည်ရုံ အနည်းငယ်သာစားသုံးခြင်းကပို၍သင့်တော်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly