မန်ယူနည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို နည်းပြသစ်အဖြစ် ဝက်စ်ဟမ်းအသင်း ခန့်အပ်

မန်ယူနည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို နည်းပြသစ်အဖြစ် ဝက်စ်ဟမ်းအသင်း ခန့်အပ်
(ဓာတ်ပုံ- အီးပီအေ)

ဝက်စ်ဟမ်းအသင်းဟာ ဘီလစ်ကို နည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက် ၎င်းရဲ့ နေရာမှာ ဒေးဗစ်မွိုက်စ်ကို နိုဝင်ဘာ ရ ရက်က နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ကြောင်း ကလပ်အသင်းရဲ့ ကြေညာချက်အရ သိရပါတယ်။

ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ စနေနေ့က လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသက် ၅၄ နှစ်အရွယ် နည်းပြ ဘီလစ်မှာ ရာထူးမှ ထုတ်ပယ်ခံရတာဖြစ်ပါတယ်။

အဲဗာတန်၊ မန်ယူနှင့် ဆန်းဒါးလန်းအသင်းများကို ကိုင်တွယ်ဖူးခဲ့တဲ့ ဒေးဗစ်မွိုက်စ်ဟာ ပရီးမီးယားလိဂ်မှာ ၁၄ ရာသီကြာ ကိုင်တွယ်ခဲ့ပြီး အဲဗာတန်အသင်းကို ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် အက်ဖ်အေဖလား ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်း ကြေညာချက်မှာတော့ မွိုက်စ်ရဲ့ စာချုပ်သက်တမ်းကို ထုတ်ဖော်ပြောဆိုထားမရှိပါ။ ဒါပေမယ့် ၎င်းနှင့် နှစ်နှစ်ခွဲသက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပြီး လက်ကျန်ရာသီ ရလဒ်ပိုင်းပေါ်မူတည်ကာ ရာသီကုန်မှာ စာချုပ်ဖျက်သိမ်းခွင့်ရှိတယ်လို့ ဆိုပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly