ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မည်ဟု တစ်သင်းလုံးယုံကြည်မှုရှိနေကြောင်း အီတလီနည်းပြ ဗန်တူရာ ပြော

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မည်ဟု တစ်သင်းလုံးယုံကြည်မှုရှိနေကြောင်း အီတလီနည်းပြ ဗန်တူရာ ပြော

နိုဝင်ဘာ ရ၊ အီတလီ ။          ။ အီတလီနည်းပြ ဗန်တူရာက ၎င်းနှင့်အသင်းသားအားလုံးသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မည်ဟု ယုံကြည်မှုအပြည့်အဝ ရှိနေကြောင်း ပြောဆိုလိုက်သည်။

အီတလီအသင်းသည် ဥရောပဇုန်ခြေစစ်ပွဲတွင် စပိန်အသင်းနှင့်တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုဒုတိယသာ ရရှိခဲ့သည်။ ထို့ကြောင့် ဆွီဒင်အသင်းနှင့် Play Offs ကစားရန် ဖြစ်လာခဲ့သည်။

“ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မှာ မဟုတ်ဖူးလို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ခြေစစ်ပွဲအောင်မြင်မယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်နေကြပါတယ်။

အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကစားရမယ်လို့ တွေးမထားသလို မကစားရဖူးလို့လည်း တွေးမနေပါဘူး။ ကျွန်တော်ရုရှအကြောင်းတော့ တွေးမိပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ဆွီဒင်နဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါက မဖြစ်မနေ ကျော်ဖြတ်ရမယ့်အဆင့်ပါ” ဟု ဗန်တူရာကဆိုသည်။

ဆွီဒင်နည်းပြ အန်ဒါဆင်ကလည်း ဆွီဒင်အသင်းအနေဖြင့် ကမ္ဘာပေါ်က မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ပြောဆိုထားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဆွီဒင်အသင်း၏အိမ်ကွင်း၌ ပထမအကျော့ပွဲစဉ်ကို ကစားရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်တွင် အီတလီ၌ဒုတိယအကျော့ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly