M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်တို့နှင့် မြန်မာအသင်း တစ်အုပ်စုတည်းကျရောက်

M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်တို့နှင့် မြန်မာအသင်း တစ်အုပ်စုတည်းကျရောက်

နိုဝင်ဘာ ရ ။           ။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် M-150 ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မဲခွဲပွဲကျင်းပခဲ့ရာတွင် မြန်မာအသင်းသည် အုပ်စု(ဘီ)တွင် ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်တို့နှင့်အတူ ကျရောက်လျက်ရှိသည်။

အုပ်စု(အေ)တွင်မူ အိမ်ရှင်ထိုင်းမှာ ဂျပန်၊ မြောက်ကိုရီးယားတို့နှင့် ကစားရမည် ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆ သင်း၌ မြန်မာအသင်းကလွဲ၍ ကျန်ငါးသင်းမှာ အာရှဖလား ယူ-၂၃ ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် အသင်းများဖြစ်သည်။

ထိုင်းဘောလုံးအဖွဲ့ချုပ်၏တာဝန်ရှိသူများသည် ထိုင်းယူ-၂၃ အသင်း အာရှဖလားပွဲမတိုင်ခင် ပြိုင်ပွဲအတွေ့အကြုံရရှိစေရန် ယခုပြိုင်ပွဲကို စီစဉ်ကျင်းပပေးခြင်း ဖြစ်သည်။

M-150 ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ပဏာမကစားသမား ၂၆ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ မြန်မာ့လက်ရွေးစင်အသင်းကြီးမှ အောင်သူ၊ သန်းပိုင်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ စည်သူအောင်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ သီဟထက်အောင်နှင့် ဆန်းဆက်နိုင်တို့မှာ ထိုပမာဏစာရင်းတွင် ပါ၀င်လျက်ရှိသည်။

မြန်မာယူ-၂၃ အသင်းတွင် ဒဏ်ရာကြောင့်ကာလကြာရှည်အနားယူနေရသည့် ရန်ကုန်ကွင်းလယ်ကစားသမား ကျော်မင်းဦးနှင့် ငြိမ်းချမ်းအောင်တို့လည်း ပါ၀င်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly