ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့်အသင်းများ၏ ဂျာစီသစ်များကို Adidas မိတ်ဆက်

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့်အသင်းများ၏ ဂျာစီသစ်များကို Adidas မိတ်ဆက်

နိုဝင်ဘာ ရ ။             ။ Adidas ကုမ္ပဏီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းတွေရဲ့ ဂျာစီဒီဇိုင်းအသစ်တွေကို မိတ်ဆက်ပြသလိုက်ပါတယ်။

ထုတ်ဖော်ပြသခဲ့တဲ့ ဂျာစီအသစ်တွေထဲမှာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ၊ အိမ်ရှင်ရုရှ၊ နာမည်ကြီးအသင်းတွေဖြစ်တဲ့ စပိန်၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ဂျပန်နဲ့ မက္ကဆီကိုတို့ ပါ၀င်ခဲ့ပါတယ်။ ဂျာစီအများစုကတော့ ယခင်အောင်မြင်မှုရရှိခဲ့တဲ့ အသင်းတွေရဲ့ ဂျာစီဒီဇိုင်းတွေကို ပြန်လည်ချုပ်လုပ်ထားတာပါ။

ဂျာမနီအသင်းရဲ့ ဂျာစီဆိုရင် ၁၉၉၀ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဂျာမနီအသင်းရဲ့ ဂျာစီဒီဇိုင်းကို ပြန်လည်မွမ်းမံထားတာ ဖြစ်ပါတယ်။ ရုရှဆိုရင်လည်း ၁၉၈၈ အိုလံပစ်မှာ အောင်မြင်ခဲ့တဲ့ ရုရှအသင်းရဲ့ ဂျာစီဒီဇိုင်းကို ယူထားတာ ဖြစ်ပါတယ်။

အာဂျင်တီးနားကတော့ သူတို့ရဲ့ ဘောလုံးအဖွဲ့ချုပ် ၁၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ မက္ကဆီကို၊ ဘယ်လ်ဂျီယံ၊ စပိန်နဲ့ကိုလံဘီယာတို့ကတော့ ယခင်ဒီဇိုင်းအဟောင်းတွေကို ပြန်လည်မွမ်းမံထားတာဖြစ်ပြီး ဂျပန်ကတော့ သူတို့ရဲ့ရိုးရာဒီဇိုင်းကို အခြေခံထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags