ဟယ်ရီကိန်းနှင့် ဟယ်ရီဝင့်ခ်တို့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်

ဟယ်ရီကိန်းနှင့် ဟယ်ရီဝင့်ခ်တို့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်

နိုဝင်ဘာ ရ၊ အင်္ဂလန် ။             ။ စပါးကစားသမားများဖြစ်သည့် ဟယ်ရီကိန်းနှင့်ဟယ်ရီဝင့်ခ်တို့သည် ဒဏ်ရာကြောင့် ဂျာမနီ၊ ဘရာဇီးတို့နှင့် ခြေစမ်းပွဲကစားမည့် အင်္ဂလန်အသင်း၏ ကစားသမားစာရင်းမှ နုတ်ထွက်သွားခဲ့သည်။

တိုက်စစ်မှူးဟယ်ရီကိန်းမှာ ဒူးဒဏ်ရာရရှိနေခြင်းဖြစ်ပြီး ကွင်းလယ်လူဟယ်ရီကိန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေခြင်းဖြစ်သည်။ စပါးအသင်း၏ တိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဒယ်လီအလီသည်လည်း ဒဏ်ရာကြောင့် အစောပိုင်းကတည်းက အင်္ဂလန်အသင်းမှ နုတ်ထွက်ထားသည်။

အင်္ဂလန်အသင်းသည် အဲဗာတန်နောက်ခံလူမိုက်ကယ်ကိန်းနှင့် ၀က်စ်ဘရွန်းကွင်းလယ်လူ လစ်ဗာမိုးတို့ကို အစားထိုးခေါ်ယူထားသည်။ အင်္ဂလန်နည်းပြဆောက်ဂိတ်သည် ယခုလူစာရင်းတွင် ကလပ်အသင်းများ၌ ပွဲထွက်ခွင့်မရသည့် လီာပူးလ်နောက်ခံလူ ဂျိုးဂိုမက်ဇ်၊ ပဲလေ့စ်ကွင်းလယ်လူ လိုတက်ချိ၊ ဆွမ်ဆီးတိုက်စစ်မှူး အေဗရာဟမ်တို့ကို ခေါ်ယူထားသည်။

အင်္ဂလန်အသင်းသည် ဂျာမနီအသင်းနှင့် ၀င်ဘလေကွင်းတွင်လာမည့် သောကြာနေ့၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဘရာဇီးနှင့် ၀င်ဘလေကွင်း၌ပင် ထပ်မံယှဉ်ပြိုင်မည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags