အိန္ဒိယနှင့် ရင်ဆိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ကစားသမား အပြောင်းအလဲ ၂ ဦးသာရှိ

အိန္ဒိယနှင့် ရင်ဆိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ကစားသမား အပြောင်းအလဲ ၂ ဦးသာရှိ

နိုဝင်ဘာ ၆ ။          ။ အိန္ဒိယနှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ကာဂျစ္စတန်နှင့် ပွဲမှ ကစားသမားစာရင်းအတိုင်း အပြောင်းအလဲ ၂ ဦးသာ ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းမှ ကျန်ရစ်ခဲ့ရသူနှစ်ဦးမှာ ဧရာဝတီကွင်းလယ်လူ မင်းမင်းသူနှင့် ရတနာပုံကွင်းလယ်လူ မျိုးကိုထွန်းတို့ဖြစ်ပြီး အသစ်ရွေးချယ်ခံခဲ့ရသည့်ကစားသမားများမှာ ရတနာပုံတောင်ပံကစားသမား သက်နိုင်နှင့် ရှမ်းယူနိုက်တက်ကွင်းလယ်ကစားသမား ဇင်မင်းထွန်းတို့ ဖြစ်သည်။

ကာဂျစ္စတန်နှင့်ပွဲတွင် အသုံးပြုခဲ့သော ပထမပွဲထွက် ၁၁ ဦးဖြစ်သည့် သီဟစည်သူ၊ ၀င်းမင်းထွဋ်၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သိန်းသန်းဝင်း၊ ရန်အောင်ကျော်၊ တင်ဝင်းအောင်၊ ရန်နိုင်ဦး၊ စည်သူအောင်၊ အောင်သူနှင့်ကျော်ကိုကိုတို့အားလုံး ပြန်လည်ပါ၀င်ခဲ့သည်။

ယခုရွေးချယ်ခဲ့သည့် ကစားသမား ၂၃ ဦးတွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံရှမ်းယူနိုက်တက်အသင်းမှ ရ ဦး၊ ရန်ကုန်ယူနိုက်တက်မှ ၉ ဦး၊ ရတနာပုံမှ ၅ ဦး၊ မကွေးနှင့်ဟံသာဝတီမှ ၁ ဦးစီပါ၀င်ခဲ့ကြသည်။

မြန်မာအသင်းသည် အောက်တိုဘာ ရ ရက်နေ့ညတွင် ကမ္ဘောဒီးယားသို့ ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွေင် ကမ္ဘောဒီးယားနှင့်ခြေစမ်းပွဲ၊ နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယနှင့်အာရှဖလားခြေစစ်ပွဲ ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ကစားသမားစာရင်း

-----------------------------------------

ဂိုး - သီဟစည်သူ(ရှမ်း)၊ ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်(ရန်ကုန်)

နောက် - ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သီဟထက်အောင်(ရန်ကုန်)၊ သိန်းသန်းဝင်း(ရတနာပုံ)၊ ၀င်းမင်းထွဋ်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်(ရှမ်း)၊ ကျော်ဇင်လွင်(မကွေး)

လယ် - စည်သူအောင်၊ လှိုင်းဘိုဘို၊ သက်နိုင်(ရတနာပုံ)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ ရန်နိုင်ဦး၊ တင်ဝင်းအောင်၊ ဇင်မင်းထွန်း(ရှမ်း)၊ ရန်အောင်ကျော်၊ ကြည်လင်း(ရန်ကုန်)

ရှေ့ - ကျော်ကိုကို၊ သန်းပိုင်(ရန်ကုန်)၊ အောင်သူ(ရတနာပုံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly