ပြည်သူများပျော်ရွှင်အောင်ကြိုးစားပေးကြပါဟု မြန်မာ့လက်ရွေးစင်အသင်းကို ဦးဇော်ဇော် တိုက်တွန်း

ပြည်သူများပျော်ရွှင်အောင်ကြိုးစားပေးကြပါဟု မြန်မာ့လက်ရွေးစင်အသင်းကို ဦးဇော်ဇော် တိုက်တွန်း
ဓာတ်ပုံ-MFF
 

နိုဝင်ဘာ ၆ ။            ။ အာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့ အိန္ဒိယကို အနိုင်ကစားပြီး ပြည်သူများပျော်ရွှင်အောင်ပြုလုပ်ပေးရန် မြန်မာ့လက်ရွေးစင်အသင်း ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းလိုက်သည်။

အာရှဖလားခြေစစ်ပွဲကစားရန်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းရှိရာသို့ ဦးဇော်ဇော်က သွားရောက်ပြီး အားပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

"အိန္ဒိယနဲ့ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုတယ်။ နိုင်ရမယ်လို့လည်း ယုံကြည်တယ်။ အာရှဖလား ခြေစစ်ပွဲ အောင်ပြီး အာရှအဆင့် အသင်းတွေနဲ့ ကစားနိုင်မှသာ ဘောလုံးအဆင့်အတန်း တဖြည်းဖြည်း တိုးတက်လာနိုင်မယ်။ ပြည်သူတွေအားလုံး ပျော်ရွှင်နိုင်ဖို့ ကြိုးစားကစားပေးကြပါ" ဟု ဦးဇော်ဇော်က ပြောကြားသွားခဲ့သည်။

လက်ရှိအုပ်စုအနေအထားအရ အိန္ဒိယအသင်းမှာ ၄ ပွဲကစား ၄ ပွဲစလုံးနိုင်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။  မြန်မာအသင်းနှင့်ကာဂျစ္စတန်အသင်းတို့မှာ ၃ ပွဲ ကစားအပြီးတွင် ၄ မှတ်စီရရှိထားပြီး အုပ်စုဒုတိယနေရာအတွက် အပြိုင်ဖြစ်နေသည်။ မကာအိုအသင်းမှာမူ တစ်မှတ်မှ မရရှိသေးပေ။ မြန်မာအသင်းမှာ အိန္ဒိယကို အိမ်ကွင်းတွင် လက်ခံကစားခဲ့ရာ၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် နိုဝင်ဘာ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန်ည ၉ နာရီတွင် အန္ဒိယနှင့် ဂိုအာမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထိုပွဲမတိုင်ခင် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲကစားမည်ဖြစ်ပြီး  နိုဝင်ဘာ ရ ရက်နေ့တွင် ကမ္ဘောဒီးယားသို့ ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly