သင့်ဒေါသကို ထိန်းချုပ်ခြင်း

သင့်ဒေါသကို ထိန်းချုပ်ခြင်း

ရေးသားသူ Hello Sayarwon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

သင်သည် အခက်အခဲတခုနှင့် ကြံုလာရချိန်တွင် ဒေါသထွက်လေ့ရှိပါသည်။ ကင်ဆာရောဂါ ခံစားနေရချိန် ဒေါသထွက်ခြင်းမျိုးသည်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။

သင့်ဒေါသကို ထိန်းချုပ်နိုင်ရန် နည်းလမ်းများစွာရှိပါသည်။ ထိုနည်းများဖြင့်လည်း ကင်ဆာရောဂါကို ပြန်လည်ခုခံနိုင်ပါလိမ့်မည်။

ဘာကြောင့် ဒေါသထွက်ရသလဲ။

ကင်ဆာရောဂါ ခံစားနေရချိန်တွင် စိတ်ဖိစီးခြင်း၊ ၀မ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း စသည့်စိတ်ခံစားမှုများစွာ ဖြစ်နေနိုင်ပါသည်။ သို့သော် ဒေါထွက်ခြင်းသည် မကောင်းသည့်အတွက် လူတို့သည် ၎င်းကို မြိုသိပ်ထားရာမှ ဒေါသများကြီးထွားလာတတ်ပါသည်။

သင့်ဒေါသကို နည်းလမ်းမှန်ကန်စွာဖော်ထုတ်ခြင်းမျိိုးမရှိလျှင် ဘယ်လိုတွေဖြစ်လာမလဲ။

သင့်မျက်နှာတွင် ဒေါသ၏အရိပ်အရောင်များ ပေါ်နေမည်လား၊၊ တခါတရံတွင် ဒေါသမထွက်သင့်သော အကြောင်းကိစ္စများကိုပင် ဒေါသမထွက်သင့်သော သူများထံဒေါသဖြစ်မိတတ်ပါသည်။ မပြေပျောက်နိုင်သော ဒေါသများကို အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း တို့ဖြင့် ဖြေလိုက်မိသောအခါ သင့်ကျန်းမာရေးကို ပိုပြီး ထိခိုက်စေပါသည်။

သင်သည် ကင်ဆာရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားသူများထံမှ ကူညီထောက်ပံ့မှုများ လိုအပ်နေနို်င်သည်။ ထို့ကြောင့် သင့်ဒေါသကို နေရာမှန်လူမှန်ပတ်ဝန်းကျင်တွင် ထုတ်ဖော်ခြင်းမျိုးက သင့်အခက်အခဲကို  ကူညီပေးမည့်သူမျိုး နားလည်ပေးမည့်သူမျိုးကို ရရှိလာနိုင်ပါသည်။

ဒေါသဖြစ်ခြင်း သည် သင့်ကုသမှုများပြီးဆုံးသွားသည့်တိုုင် သင့်တွင် အပြီးပြေပျောက်သွားမည့်အရာမဟုတ်ပါ။ ဒေါသသည် အထီးကျန်ဆန်ခြင်း၊ ကျဉ်ဖယ်ခံရခြင်းတို့မှဖြစ်လာရသည်။

ကင်ဆာရောဂါခံစားနေရသည့်အတွက် ယခင်လို ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ခြင်း၊ အပေါင်းအသင်းများနှင့် အပြင်မသွားနိုင်တော့ခြင်း၊ ကင်ဆာဆေးသွင်းနေရသဖြင့် အခြားသူများက လူနာတဦးကဲ့သို့သတ်မှတ်ထားခြင်း စသည့်စိတ်ဒဏ်ရာများစွာရှိနေနိုင်ပါသည်။

ထိုအခါ ကင်ဆာရောဂါသည်များသည် သူတို့၏ အရင်ကဖြတ်သန်းခဲ့သော လူနေမှုဘဝပုံစံများကို ပြန်မရနိုင်သော အခါ မိမိဘဝကိုမိမိဒေါသထွက်ခြင်း၊ ပေါက်ကွဲခြင်း၊ စိတ်အလိုမကျခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

ဒေါသထွက်လာလျှင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

ကင်ဆာကို ကို ပထမဆုံးအဆင့် ဒေါသဖြင့် တုန့်ပြန်နို်င်ခြင်းသည် သင့်အတွက် ကျေးဇူးတင်စရာဖြစ်သည်။ မှန်ပါသည်။ သင့်ဒေါသကို သင် ကျေးဇူးတင်လိုက်ခြင်းသည် ကင်ဆာရောဂါကို တိုက်ခိုက်နိုင်ရန် သင့်စိတ်ဓာတ်ကို အထောက်အကူဖြစ်စေပါသည်။

အုပ်စုလိုက် ဆွေးနွေးလမး်ညွှန်မှုများပြုလုပ်ခြင်းဖြင့် သင့်စိတ်ခံစားမှုကို မြိုသိပ်မနေဘဲ လွှတ်ချလိုက်ပါ။ သင့်နှင့် ဘဝတူများနှင့် ရင်ဖွင့်စကားအပြန်အလှန်ပြောဆိုခြင်း၊ တတ်ကျွမ်းသော ပညာရှင်များနှင့် တိုင်ပင်ခြင်းဖြင့် သင့်ဒေါသကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သိလာစေနိုင်ပါသည်။

ဒေါသသည် အင်အားကြီးမားသော စွမ်းအားတခုဖြစ်သည်။ ထိုအားအင်များကို သင်စိတ်ဝင်စားသော အရာတခုခုအပေါ်တွင် အာရုံလွှဲလိုက်ပါ။ သင့်အတွေ့အကြံုများကို ချရေးခြင်း၊ ဟင်းချက်သင်ခြင်း စသဖြင့် သင်စိတ်ဝင်စားရာ တခုခုကို လုပ်ဆောင်ခြင်းဖြင့် သင့်ပင်ကိုယ်စွမ်းရည်များကို ပို တိုးလာစေပါသည်။

သီးခြားမနေဘဲ အခြားသူများနှင့်လည်း အဆက်အသွယ်ပြုလုပ်ပါ။လူတို့သည် အလိုမကျဖြစ်သည့်အခါ ဒေါသထွက်တတ်ကြသည်။ ထို့ကြောင့် သင့်လိုအပ်ချက်များ၊ ဆန္ဒများကို မိသားစုဝင်များ၊ အပေါင်းအသင်းများကို ပြောပြခြင်းဖြင့် သင့်အတွက် အကူအညီများရလာနိုင်ပါသည်။

အထက်ပါနည်းများနှင့် အဆင်မပြေပါက သင့်ဒေါသကိုပြေလျော့ရန်အတွက် ခေါင်းအုံးကို လက်သီးဖြင့်ထိုးခြင်း၊ရိုက်ခြင်း ၊သင့်ကားထဲ သို့မဟုတ် အခန်းထဲတွင် ကျယ်လောင်စွာ အော်ပစ်လိုက်ခြင်း စသည့်ရုပ်ပိုင်းဆိုင်ရာနည်းများဖြင့်လည်း သင့်ဒေါသအတွက် ထွက်ပေါက်ရှာနိုင်ပါသည်။

ယေဘူယျအားဖြင့် ပြောရသော် ဒေါထွက်ခြင်းသည် မကောင်းပါ။ သို့သော် ပုထုစဉ်သဘာဝအရ သင်သည် လူတိုင်းဒေါသနှင့်မကင်းပါ။ သင့်ဒေါသကို ကောင်းသောနည်းလမ်းဖြင့် ဖော်ထုတ်လျှင် ကောင်းခြင်းများဖြစ်လာမည်ဖြစ်ပြီး သင့်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ခွန်အားများရရှိလာစေနိုင်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly