မြံုခြင်းကို ဘယ်လိုကုသမလဲ

မြံုခြင်းကို ဘယ်လိုကုသမလဲ

ရေးသားသူ Wathun Myat Chal 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

မြံုခြင်းကို ကုသဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါကို လုပ်ဖို့အတွက် ကြိုးစားအားထုတ်မှုများစွာ လိုပါတယ်။ အထူးသဖြင့် သင်က အသက် ၃၀ ၀န်းကျင်ဆိုရင်ပေါ့။ ဆိုလိုတာက ဒီအရွယ်ဟာ သင့်အသက် ၂၀တုန်းကလို ကိုယ်ဝန်ရနိုင်ချေ မရှိတော့ပါဘူး။ နည်းသွားပါပြီ။

ကိုယ်ဝန်ပျက်ကျနိုင်ချေတွေ ဒါမှမဟုတ် ကိုယ်ဝန်ချွတ်ယွင်းချက်ရှိတာမျိုးတွေဆို ပြောစရာ မလိုအောင်ကို များနေတာပါ။ အမျိုးသားတွေလည်း အလားတူ ပြဿနာကို ရင်ဆိုင်ရပါတယ်။

ဒါပေမဲ့ ကုသမှုတွေရှိပါတယ်။ သူတို့ဟာ ၁၀၀% အောင်မြင်မှာ သေချာပါတယ်လို့ အာမခံချက် မပေးနိုင်ပေမယ့် (ဘယ်အရာကမှ မတည်မြဲဘူး မသေချာဘူးလေ) ကြိုးစားကြည့်ရင်တော့ မမှားပါဘူး။ ဘာပဲဖြစ်ဖြစ် ကလေးတွေက အံ့မခန်းပဲမဟုတ်လား။

အမျိုးသမီးများအတွက်

ကုသမှုတွေဟာ သင့်မှာဘယ်လိုပြဿနာတွေရှိနေတယ် ဆိုတဲ့အပေါ် မူတည်ပြီးကွဲပြားပါတယ်။ တကယ်လို့ မျိုးဥပြဿနာဆိုရင် ဆေးသောက်ရပါလိမ့်မယ်။ Clomiphere သို့မဟုတ် Metformin က မျိုးဥတွေရဲ့ ပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။

တကယ်လို့ အခြေအနေပိုဆိုးလာတယ်ဆိုရင်တော့ သင့်ရဲ့ မျိုးပွားစနစ်က မှန်မှန်ကန်ကန် အလုပ်မလုပ်တော့တာပါ။ ဒါဆိုရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့ ခွဲစိတ်ကုသမှုတွေ လိုအပ်ပါလိမ့်မယ်။ ဒါလည်းဖြစ်နိုင်တယ်ပဲထားဦး မြံုခြင်း၊ မျိုးမအောင်ခြင်းရဲ့ အကြောင်းရင်းတွေအားလုံးကို ရှာဖွေတွေ့ရှိထားတာ မဟုတ်သေးပါဘူး။

အဖြေရှာမရတဲ့ အကြောင်းရင်းတွေအတွက်ကတော့ အချိန်တွေနဲ့ လက်ရှိအခြေအနေတွေကပဲ သင့်အတွက် အဖြေဖြစ်လာပါလိမ့်မယ်။

အမျိုးသားများအတွက်

အမျိုးသားတွေမှာ မြံုပြီဆိုရင် သုက်ပိုးကြောင့့်ပါပဲ။ တစ်ခါထုတ်လိုက်တဲ့ သုက်ရည်တွေမှာ သုက်ပိုးပေါင်းသန်းနဲ့ချီပြီး ပါရှိပြီး တစ်ကောင်တည်းကသာ မျိုးအောင်စေတာပါ။ ဘာပဲဖြစ်ဖြစ်မြံုနေတယ်ဆိုရင် သင့်ရဲ့ သုက်ပိုးတွေက အဆင့်မမှီဘူးလို့ ဆိုလိုပါတယ်။

ဖြစ်နိုင်တာကတော့ ပုံမှန်မဟုတ်တဲ့ သုက်ပိုးတွေ၊ သုက်ပိုးအရေအတွက်နည်းတာတွေ ဒါမှမဟုတ် သုက်ရည်ထဲမှာ သုက်ပိုးလုံးဝမပါတာတွေ စသဖြင့်ပေါ့။ ဒီလိုပြဿနာမျိုးမှာဆိုရင် သုက်ပိုးတွေကို စုဆောင်းရပြီး အခြေအနေပေါ်မူတည်ပြီး ကုသရပါတယ။်

အသုံးများတဲ့ ကုသမှုများ

အဆင့်မြင့်ဆေးဘက်ဆိုင်ရာနည်းပညာတွေမှာ ကုသမှုနည်းလမ်းအသစ်တစ်ခုရှိပါတယ်။ ဒါကို ART (Assisted Reproductive Technology)လို့ခေါ်ပြီး အမျိုးသမိးရော၊ အမျိုးသားအတွက်ပါ အကျိုးရှိစေပါတယ်။

ART မှာဆိုရင် မျိုးအောင်ခြင်းလမ်းစဉ်ဟာ ပုံမှန်အတိုင်းဖြစ်လေ့မရှိပါဘူး။ သိပ္ပံနည်းကျ အထောက်အပံ့တွေလိုအပ်ပါတယ်။ ART နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

In Vitro Fertilization – IVF

တကယ်လို့ မျိုးဥတစ်ခုတည်းက သုက်ပိုးတွေအတွက် မလုံလောက်ရင် IVF နည်းလမ်းနဲ့ ဖြေရှင်းလို့ရပါတယ်။ ဥတွေကို အမျိုးသမီးရဲ့ သားအိမ်ထဲထည့်ပြီး သန္ဓေအောင်နိုင်ဖို့ အခွင့်အလမ်းတွေကို မြှင့်တင်ပေးလိုက်တာပါ။

ဒါကို အပြင်မှာလဲ လူလုပ်ဖန်ပြွန်နဲ့ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မျိုးဥက မျိုးအောင်ပြီဆိုရင် အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်လိုက်ပါတယ်။ ဒီနည်းလမ်းရဲ့ လမ်းစဉ်တွေမှာ မျိုးဥတွေအများကြီးသုံးတဲ့အတွက် ကလေးတစ်ယောက်ထက်ပိုပြီး ရနိုင်ချေများပါတယ်။

Intracytoplasmic Sperm Injection – ICSI

နာမည်ကနေတစ်ဆင့် သင်ထင်လိုက်သလိုပါပဲ။ သုက်ပိုးတွေကို ဥဆီရောက်အောင် သဘာဝနည်းလမ်းအတိုင်းပို့မယ့်အစား စမ်းသပ်ခန်းထဲမှာပဲ ဥထဲကို သုက်ပိုးတွေထိုးထည့်လိုက်တာပါ။ မျိုးအောင်ပြီးဥကိုတော့ အမျိုးသမီးရဲ့ သားအိမ်ထဲကိုထည့်လိုက်ပါတယ်။

ဒီနည်းလမ်းရဲ့ကောင်းကျိုးကတော့ သုက်ပိုးက ဥကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့ကို ပူစရာမလိုဘဲမျိုးအောင်ဖို့ တစ်ခုတည်းကိုသာ စောင့်စားရတာပါ။

Insemination

ဒီနည်းလမ်းကတော့ အပေါ်ကနည်းလမ်း၂ခုထက် လုပ်ဆောင်ရတာ နည်းပါးပါတယ်။ အမျိုးသမီး မျိုးဥကြွေတဲ့အချိန်ရောက်တဲ့အခါ သုက်ပိုးတွေကို သူမ သားအိမ်ထဲ ထည့်ပေးလိုက်တာပါပဲ။ အချို့သောဆေးတွေကိုတော့ သုက်ပိုးအရေအတွက် တိုးလာအောင် ရံဖန်ရံခါ သုံးတတ်ပါတယ်။

မျိုးမအောင်ခြင်းဟာ စိတ်ဖိစီးမှုတွေကို အများကြီးဖြစ်စေနိုင်ပါတယ်။ ဒီနည်းလမ်းတွေကလည်း အမြဲတမ်းတော့ အောင်မြင်နိုင်မယ်လို့ အာမမခံထားတာကြောင့် ကိုယ့်ကိုကိုယ်ပြင်ဆင်ထားဖို့တော့ လိုပါမယ်။ ကုန်ကျစရိတ်ကလည်း ကြီးလွန်းပါတယ။်

ဒါကြောင့် သင်နဲ့သင့်ရဲ့လက်တွဲဖော်ရယ် ဆရာဝန်ရယ် ပူးပေါင်းပြီး သင်တို့ ဘယ်လောက်ထိလုပ်နိုင်မယ်ဆိုတာ သေချာဆုံးဖြတ်ပြီးမှ အစီအစဉ်ဆွဲပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly