ဥရောပထိပ်တန်းလိဂ် ၂ ခုတွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ခဲ့သည့် ကာဗာနီ

ဥရောပထိပ်တန်းလိဂ် ၂ ခုတွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ခဲ့သည့် ကာဗာနီ

နိုဝင်ဘာ ၅၊ ပြင်သစ် ။            ။ ပီအက်စ်ဂျီအသင်းက အန်ဂါးစ်အသင်းကို ၀-၅ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီသည် အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ဥရောပထိပ်တန်းလိဂ် ၂ ခုတွင် ဂိုး ၁၀၀ သွင်းယူနိုင်သည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်နှင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင်တို့၏နောက် ကာဗာနီမှာ ဥရောပထိပ်တန်းလိဂ် ၂ ခုတွင် ဂိုး ၁၀၀ သွင်းယူနိုင်သည့် တတိယမြောက် ကစားသမား ဖြစ်သည်။ အီဗရာဟီမိုဗစ်မှာ ကာဗာနီကဲ့သို့ပင် စီးရီးအေနှင့်ပြင်သစ်လိဂ်တို့တွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဟီဂူအင်မှာ လာလီဂါနှင့်စီးရီးအေတွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အန်ဂါးစ်နှင့်ပွဲစဉ်တွင် ကာဗာနီသွင်းယူခဲ့သော ဂိုး ၂ ဂိုးမှာ သူ၏ပီအက်စ်ဂျီအသင်းကစားသမားဘဝ ပြင်သစ်လိဂ်သွင်းဂိုး ဂိုး ၁၀၀ နှင့် ၁၀၁ ဂိုးမြောက်သွင်းဂိုးများ ဖြစ်သည်။

ကာဗာနီသည် ပြင်သစ်လိဂ်တွင် ၁၀၁ ဂိုး၊ စီးရီးအေတွင် ၁၁၂ ဂိုး(ပါလာမိုတွင် ၃၄ ဂိုး၊ နာပိုလီတွင် ရ၈ ဂိုး)သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကာဗာနီမှာ အီဗရာဟီမိုဗစ်၏ ပြင်သစ်လိဂ်သွင်းဂိုးစံချိန်ကိုလိုက်မီရန် ၁၀ ဂိုးသာ လိုအပ်တော့သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly