ဘိန်းဖြူအရေးဆောင်ရွက်ရန်အတွက် အမေရိကန်အစိုးရ ဒေါ်လာ ၅သန်း ရန်ပုံငွေမတည်

ဘိန်းဖြူအရေးဆောင်ရွက်ရန်အတွက် အမေရိကန်အစိုးရ ဒေါ်လာ ၅သန်း ရန်ပုံငွေမတည်

ဘိန်းဖြူကုန်သွယ်ရေးဝယ်ခြင်းနှင့် သုံးစွဲခြင်းများကို တိုက်ဖျက်သွားရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၅ သန်းမတည်ခဲ့သည်။ ယင်းသို့ ဘိန်းဖြူပပျောက်ရေးစီမံကိန်းတွင် အပြစ်ပေးအရေးယူခြင်း ထက် ကုသထူထောင်ပေးရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ငွေကြေးရန်ပုံငွေတစ်ဝက်သည်  ကျန်းမာရေးအရာရှိများနှင့်အတူ ရဲများလက်တွဲဆောင်ရွက်သွားရေးတွင် အသုံးပြုသွားမည်ဖြစ်သည်။

စီမံကိန်းတွင် အရှေ့ဖက်ကမ်းခြေပြည်နယ် ဆယ့်ငါးပြည်နယ်ကို ပစ်မှတ်ထားကာ ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။

နိုင်ငံအတွင်း ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဘိန်းဖြူမူးယစ်ဆေးဝါးအမှုများ များသထက်များလာသဖြင့် ယခုစီမံကိန်းကို ဆောင်ရွက်လာရခြင်းဖြစ်သည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြားတွင် ဘိန်းဖြူသုံးစွဲသူဦးရေသည် ၆၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC က အစီရင်ခံစာထုတ်ပြန်ထားသည်။

ဘိန်းပါသော အကိုက်အခဲပျောက်ဆေးများ သုံးစွဲနေသူများက ဈေးသက်သာခြင်းကြောင့် ဘိန်းဖြူသို့ ပြောင်းလဲသုံးစွဲလာခြင်းကြောင့် ယခုကဲ့သို့ ဘိန်းသုံးသူဦးရေများပြားလာခြင်းဖြစ်ကြောင်းလည်း ပညာရှင်များက ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly