သူ၏အသက်မှာ ၂၄ နှစ်သာရှိသေးပြီး ယခုထက်ပိုမိုတိုးတက်လာနိုင်သေးကြောင်း မန်ယူတိုက်စစ်မှူး လူကာကူ ဆို

သူ၏အသက်မှာ ၂၄ နှစ်သာရှိသေးပြီး ယခုထက်ပိုမိုတိုးတက်လာနိုင်သေးကြောင်း မန်ယူတိုက်စစ်မှူး လူကာကူ ဆို

နိုဝင်ဘာ ၅၊ အင်္ဂလန် ။            ။ မန်ယူတိုက်စစ်မှူးလူကာကူက သူ၏အသက်မှာ ၂၄ နှစ်သာရှိသေးပြီး ယခုထက်ပိုမိုတိုးတက်လာနိုင်သေးသည်ဟု ဝေဖန်နေသူများအား ပြန်လည်တုံ့ပြန်လိုက်သည်။

လူကာကူသည် မန်ယူအသင်းနှင့်ပထမဆုံး၁၀ ပွဲတွင် ၁၁ ဂိုးအထိသွင်းယူနိုင်ခဲ့သော်လည်း နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးရရန် ရုန်းကန်နေရသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

“လူအများက ကျွန်တော့်ရဲ့တိုးတက်မှု အဆုံးသတ်သွားပြီလို့ ထင်နေကြပါတယ်။ ကျွန်တော်က အခုမှ အသက် ၂၄ နှစ်ပဲ ရှိပါသေးတယ်။ တိုးတက်မှုရပ်တန့်သွားပြီလို့ ဆုံးဖြတ်လို့ မရသေးပါဘူး။

ကျွန်တော့်မှာ အရည်အချင်းအများကြီးရှိတယ်ဆိုတာ သိပါတယ်။ အများကြီးသင်ယူနိုင်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ခြေထောက်နှစ်ဖက်စလုံးနဲ့ဂိုးသွင်းနိုင်သလို ခေါင်းတိုက်ပြီးတော့လည်း ဂိုးသွင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဖန်တီးသူ ဖြစ်ချင်တာပါ။ ဒီထက်ပိုပြီး ဖန်တီးမှုတွေလုပ်ပေးချင်ပါတယ်။

အသင်းက အခက်တွေ့နေချိန်မှာ ကျွန်တော့်ကို အသင်းဖော်တွေက အားကိုးနိုင်တဲ့သူဖြစ်ချင်ပါတယ်။ ကျွန်တော့်အသက်နဲ့ အရည်အချင်းက ပြီးပြည့်စုံမှု မရှိသေးပါဘူး။ ကစားသမားဘဝမှာ အဆင့်နောက်တစ်ခုကို တက်ပြီး အောင်မြင်မှုတွေ ရယူချင်ပါတယ်” ဟု လူကာကူက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly