ဗြိတိန်၏နှစ် ၁၀၀ စံချိန်ကို နည်းပြဘရန်ဒန်ရော်ဂျာ၏ ဆဲလ်တစ်အသင်း ချိုးဖျက်

ဗြိတိန်၏နှစ် ၁၀၀ စံချိန်ကို နည်းပြဘရန်ဒန်ရော်ဂျာ၏ ဆဲလ်တစ်အသင်း ချိုးဖျက်

နိုဝင်ဘာ ၅၊ စကော့တလန် ။          ။ ဗြိတိန်ကျွန်းနိုင်ငံများ၏ ပြည်တွင်းပြိုင်ပွဲများတွင် ၆၂ ပွဲဆက်တိုက်ရှုံးပွဲမရှိသည့် နှစ် ၁၀၀ ကြာတည်ရှိနေသော စံချိန်ကို နည်းပြဘရန်ဒန်ရော်ဂျာ၏ ဆဲလ်တစ်အသင်းက ချိုးဖျက်နိုင်ပြီ ဖြစ်သည်။

ဆဲလ်တစ်အသင်းသည် စိန့်ဂျွန်စတုန်းအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် စကော့တလန်ပြည်တွင်းပြိုင်ပွဲများတွင် ၆၃ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့သည်။

“ဗြိတိန်ရဲ့ရှုံးပွဲမရှိအများဆုံးစံချိန်ကို ရရှိခဲ့တာက တကယ်ကို ထူးခြားပါတယ်။ ဒါက တကယ်ကို မယုံကြည်နိုင်စရာကောင်းတဲ့ စွမ်းဆောင်မှုပါပဲ။ ကစားသမားတွေဟာ နေ့တိုင်း သူတို့ရဲ့အမြင့်ဆုံးစွမ်းရည်တွေကို ရရှိအောင် လုပ်နိုင်ခဲ့ကြပါတယ်။ ဒါက အံ့အားသင့်စရာကောင်းတဲ့ ပရော်ဖက်ရှင်နယ်ပီသမှု ဥပမာကောင်းတစ်ခုပါပဲ” ဟု ဘရန်ဒန်ရော်ဂျာက ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ၁၉၁၇ ခုနှစ်က နည်းပြ ၀ီလီမယ်လေး၏ဆဲလ်တစ်အသင်းက စကော့တလန်တွင် ၆၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး နှစ် ၁၀၀ အကြာတွင် ဘရန်ဒန်ရော်ဂျာ၏အသင်းက ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly