ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ်စတင်ပြီး ဂျပန်နိုင်ငံသို့ ပထမဦးဆုံးရောက်ရှိ

ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ်စတင်ပြီး ဂျပန်နိုင်ငံသို့ ပထမဦးဆုံးရောက်ရှိ

တိုကျို၊ ဂျပန်၊ နို၀င်ဘာ ၅ ။            ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် သူ၏အာရှခရီးစဉ်ကိုစတင်ခဲ့ပြီးမကြာမီတွင် ဂျပန်နိုင်ငံသို့ တနင်္ဂနွေနေ့၌ ရောက်ရှိလာခဲ့ပြီး နှစ်ရက်ကြာနေထိုင်မည်ဖြစ်ကာ ထို့နောက်တွင် အခြားအာရှနိုင်ငံများသို့ ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်ကို တင်ဆောင်လာသော Air Force One လေယာဉ်ပျံကြီးသည် ဟာဝိုင်အီမှစတင် ပျံသန်းခဲ့ပြီး တိုကျိုမြို့အနောက်ပိုင်းရှိ ယိုကိုတာအမေရိကန်လေတပ်စခန်းသို့ ဆင်းသက်ခဲ့ကာ ထရမ့်ကို အမေရိကန်သံရုံးကိုယ်စားလှယ်များနှင့် ဂျပန်နိုင်ငံ၌တပ်ဖြန့်ချထားသော တပ်သားများက လာရောက်ကြိုဆိုခဲ့ သည်။

ထရမ့်သည် သူ၏ဇနီီးသည် မီလန်နီယာထရမ့်နှင့်အတူ Air Force One လေယာဉ်ပျံကြီးပေါ်မှ ဆင်းသက်လာခဲ့ ပြီး သူတို့နှစ်ဦးကို ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ၀ီလီယမ်ဟတ်ဂါတီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုတို့က လေယာဉ်ဆင်းကွင်း၌ လာရောက်ကြိုဆိုခဲ့ကြသည်။

ထို့နောက်တွင် ထရမ့်သည် အခြေစိုက်စခန်းမှ သူ့ကိုစောင့်ကြိုနေကြသော တပ်သား ၂၀၀၀ ခန့်နှင့် သူတို့၏ မိသားစုများဆီသို့ သွားရောက်ခဲ့သလို စကားစမြည်ပြောဆိုခဲ့ပြီး အချို့သူများနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည်။

စစ်စခန်းသို့သွားရောက်လည်ပတ်အပြီးတွင် သမ္မတကြီးသည် တိုကျိုမြောက်ပိုင်း ဆိုက်တိုမာရှိ ကာဆူမီဂါဆီကီ ကန်းထရီးကလပ်သို့ သွားရောက်ကာ သူ့ကိုစောင့်မျှော်နေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံခဲ့ သည်။

အမေရိကန်သမ္မတကြီးသည် ထိုကလပ်၌ ဂျပန်ဝန်ကြီးချုပ်အာဘေးနှင့် လက်ရှိကမ္ဘာ့အဆင့် ၄ နေရာ၌ ရပ်တည်နေသော ဂျပန်ဂေါက်သီးရိုက်အားကစာသမား ဟိုက်ကီမတ်ဆုယာမာတို့နှင့် နေ့လည်စာအတူစားသုံး ပြီး ဂေါက်သီးရိုက်ခဲ့ကြသည်။

ထရမ့်သည် တနင်္ဂနွေနေ့ညတွင် တိုကျိုရှိစားသောက်ဆိုင်ကြီးတစ်ခု၌ အာဘေးနှင့် သူတို့၏ဇနီးများနှင့်အတူ ညစာစားသုံးမည်ဖြစ်ပြီး တနင်္လာနေ့တွင် ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ထိပ်သည်းစည်းဝေးပွဲတစ်ခု ကျင်းပသွား မည်ဖြစ်ကာ ထို့နောက်တွင် ဂျပန်ဧကရာဇ် အာကီဟီတိုနှင့် မိဖုရားကြီး မီချီကိုတို့နှင့်အတူ တွေ့ဆုံသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly