အီရန်တွင် အမေရိကန်သံရုံး ဝင်စီးမှု နှစ်ပတ်လည် ပြုလုပ်ကာ အလံအား မီးရှို့ကြလျက် ဆန္ဒပြ

အီရန်တွင် အမေရိကန်သံရုံး ဝင်စီးမှု နှစ်ပတ်လည် ပြုလုပ်ကာ အလံအား မီးရှို့ကြလျက် ဆန္ဒပြ

တီဟီရန်၊ နိုဝင်ဘာ ၄ ။           ။ အီရန်နိုင်ငံတွင် ၁၉၇၉ ခုနှစ် အမေရိကန်သံရုံးအား ဝင်စီးနင်းမှု နှစ်ပတ်လည်နေ့ ပြုလုပ်ကာ ထောင်ပေါင်းများစွာသော ပြည်သူများက အမေရိကန်
သမ္မတ ဒေါ်နယ်ထရမ့်၏ ပေါ်လစီများအား ဆန့်ကျင်ပြီး “အမေရိကန် သေဆုံးပါစေ။”ဟူသော ကြွေကြော်သံများ အော်ဟစ်အား အမေရိကန်အလံအား မီးရှို့ကြလျက် နိုဝင်ဘာ ၄ ရက်တွင်  ဆန္ဒပြကြသည်။

အစ္စလာမ်မစ်တော်လှန်ရေးအပြီး အီရန်ကျောင်းသားများက အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်ပြီး ရက်ပေါင်း ၄၄၄ ရက်ကြာအောင် ဓားစာခံများကို ဖမ်းဆီးထားခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေး ကျိုးပျက်ခဲ့ပြီး ယနေ့အထိ အစေးမကပ် ဖြစ်နေခဲ့သည်။ ယခု ဆန္ဒပြသူများသည် သံရုံးဝင်းဟေင်းအနီးတွင် ထရမ့်ပုံတူ ရုပ်တုကို တုတ်များဖြင့် ရိုက်နှက်ကြသည်။ ပဲ့ထိန်းဒုံးကျည် ပုံစံတုတစ်ခုကိုလည်း သယ်ဆောင်ပြသထားကာ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို အာခံကြောင်း ပြသသည်။

“ခုနှစ်မှာ ထရမ့်ရဲ့ အီရန်ဆန့်ကျင်တဲ့ ပေါ်လစီတွေဟာ အီရန်ပြည်သူတွေကို ပိုပြီးစေ့ဆော်စည်းရုံးမှု ဖြစ်စေတယ်။”ဟု အီရန်အမျိုးသားအထူးလုံခြံုရေးကောင်စီ၏ အတွင်းရေးမှူး အလီရှမ်ခါနီက ပြောသည်။

ထရမ့်အစိုးရသည် အီရန်အပေါ် တင်းကြပ်စွာ ဆက်ဆံနေပြီး အီရန် နျူကလီးယားစီမံကိန်းနှင့် ပတ်သက်သည့် နိုင်ငံတကာသဘောတူညီမှုကိုလည်း ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ထားသည်။

အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းဖြစ်စေသော ၎င်း၏ နျူကလီးယားစီမံချက်ကို ကန့်သတ်နိုင်သည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ၂၀၁၅ သဘောတူညီမှုကို အသက်ဝင်ဆဲဖြစ်ကြောင်း ထောက်ခံချက်လက်မှတ်ထိုးရန်ကို ပြီးခဲ့သည့်လအတွင်းက ထရမ့်က ငြင်းဆန်ထားသည်။

အီရန်၏ ပဲ့ထိန်းဒုံးကျည်စီမံကိန်းများအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ပြဌာန်းထားပြီးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly