ကိုလံဘီယာတွင် မိခင်နို့တိုက်ကျွေးမှု ဓလေ့ပိုမိုထွန်းကားရေး ကလေးအမေ ရာပေါင်းများစွာ စုရုံးနို့ချိုတိုက်ကျွေး

ကိုလံဘီယာတွင် မိခင်နို့တိုက်ကျွေးမှု ဓလေ့ပိုမိုထွန်းကားရေး ကလေးအမေ ရာပေါင်းများစွာ စုရုံးနို့ချိုတိုက်ကျွေး

ဘိုဂိုတာ၊ နိုဝင်ဘာ ၄ ။         ။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်ရှိ ပန်းခြံတွင် ရာပေါင်းများစွာသော ကလေးအမေများက စုရုံးကြကာ ၎င်းတို့၏ ရင်သွေးငယ်များကို မိခင်နို့ရည် တိုက်ကျွေးကြသည်။

ကလေးငယ်များ၏ ကျန်းမာရေး ဒေါင်ဒေါင်မြည်ရန်၊ မိခင်နို့တိုက်သည့် အကျင့် ပိုမိုထွန်းကာလာရန် ရည်ရွယ်ကာ ယခုကဲ့သို့ ကလေးမအေများက စုရုံးကြကာ နို့ချိုတိုက်ပွဲ ပြုလုပ်ခြင်းဖြစ်သည်။

မြို့တော်ဝန်ရုံးက ယခုပွဲကို လေးကြိမ်မြောက်အဖြစ် ပါဂူးဒီလို့စ်နိုဗီယိုပန်းခြံတွင် ကျင်းပခြင်းဖြစ်ကာ လာရောက်ကြသူ မိသားစုပေါင်း တစ်ထောင်နီးပါး ရှိသည်။

ထိုသို့သော မိခင်နို့ချို စုရုံးတိုက်ကျွေးမှုကို ပြီးခဲ့သည့် နှစ်များအတွင်း လက်တင်အမေရိကနှင့် ကမ္ဘာ့နေရာဒေသအချို့တွင် ပြုလုပ်ခဲ့ကြပြီး အချို့သော ပွဲများမှာ အများပြည်သူနေရာများတွင် ကလေးနို့တိုက်ခြင်းများကို တားမြစ်ပြောဆိုမှုများအား တုံ့ပြန်သည့်အနေဖြင့် ကျင်းပခဲ့ခြင်းများလည်း ရှိသည်။

“ဒါက မိခင်နို့ရည်ဟာ အာဟာရ ကြွယ်ဝတာကြောင့် ကလေးတွေကို မိခင်တွေက နို့တိုက်ဖို့ အရေးကြီးကြောင်း သတင်းပါးတာအပြင် လူမှုအသိုင်းအဝန်းမှာ ခွဲခြားဆက်ဆံမှု မရှိအောင်၊ နို့ချိုတိုက်တာဟာ မိခင်နဲ့ ကလေးရဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်ဆိုတာ နားလည်အောင်အတွက်ပါ။”ဟု ဘိုဂိုတာ လူမှုသဟဇာတဖြစ်ရေး ဝန်ကြီး မာရီယာကွန်ဆယ်လိုက ပြောသည်။

အဆိုပါ ပွဲတွင် ရောက်ရှိသူ အသက် ၃၂ နှစ်ရှိ ကလေးသုံးယောက် မိခင် ယူရီကော်ရီဒေါက သူ့၏ ခုနစ်လသားကို နို့ချို တိုက်ကျွေးရာမှ ပြောသည်မှာ “ဒီနေ့ဒီအချိန်မှာ ခေတ်က ပြောင်းလာတယ်။ လမ်းပေါ်မှာ ကလေးနို့တိုက်တာထက် လူမှုမီဒီယာမှာ ရင်သားတွေ ဖော်ပြတာက လူပြောသူပြော ခံရတာ ပိုနည်းလာတယ်။”ဟု ပြောသည်။

ထိုအတွက် မိခင်နို့တိုက်ကျွေးမှုသည် ပြောဆိုချင်စရာ ကိစ္စရပ်မဟုတ်ကြောင်း ယခုဆန္ဒပြစုရုံးမှုဖြင့် တုံ့ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly