သကြားဓါတ်နှင့်ပတ်သက်သော သိကောင်းစရာများ

သကြားဓါတ်နှင့်ပတ်သက်သော သိကောင်းစရာများ

ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

သကြားဓါတ်ဟာ အရသာရှိသလို လူကိုလည်း အန္တရာယ်ပေးပါတယ်။ ကမ္ဘာအနှံ့အပြားမှာလည်း သကြားစားသုံးမှု မြင့်တက်နေပါတယ်။ ဒီအကြောင်းရင်းတွေကတော့ သကြားဓါတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

သကြားဓါတ်ဟာ သင့်ကို အဝလွန်စေတယ်။

သကြားဟာ ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ကို ပြောင်းလဲသွားနိုင်ဖို့ ကစီဓါတ်ထက်စာရင် ၂ဆကနေ ၅ဆအထိ ပိုမြန်ပါတယ်။ ဒါကြောင့် သကြားဓါတ်များများစားခြင်းဟာ အဆီတွေများအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အဲဒီလိုပဲ အသည်းအဆီဖုံုးရောဂါကိုလည်း ပိုဖြစ်စေပါတယ်။ ဒီအပြင် ဖြစ်လာရင် ပျောက်ဖို့မလွယ်တော့တဲ့ ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

သကြားဓါတ်ဟာ သင့်စိတ်ခံစားမှုကို ပုံမမှန်ဖြစ်စေတယ်။
နည်းပါးတဲ့ ပမာဏလောက်ဆိုရင် သကြားဓါတ်ဟာ စိတ်ကိုတက်ကြွစေတဲ့ ဆီရိုတိုနင်ဟော်မုန်းကို မြင့်တက်စေပေမယ့် သိပ်များသွားရင်တော့ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ သွေးထဲမှာ သကြားဓါတ် အပြောင်းအလဲ ရုတ်တရက်ဖြစ်သွားမယ်ဆိုရင် ဒေါသထွက်တာ၊ စိတ်တိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။
သကြားဓါတ်က သင့်ကို အိုမင်းရင့်ရော်စေတယ်

သကြားဓါတ်ဟာ သင့်အရေပြားကို ထိခိုက်စေပါတယ်။ အရေပြားရှိတဲ့ အမျှင်တွေရဲ့ အစွမ်းသတ္တိကို နည်းစေတဲ့အပြင် ဆဲလ်တွေ အသစ်ပြန်ဖြစ်မှုကို နှေးစေတယ်။ ရလဒ်အနေနဲ့ အရေးအကြောင်းတွေ ပေါ်လာတယ်။ အသက်စာရင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ သကြားဓါတ်က အူကို ဒုက္ခပေးပါတယ်။

အူထဲမှာရှိတဲ့ ပိုးမွှားတချို့က အစာချေခြင်းကို အထောက်အကူပေးသလို၊ ပြင်ပပိုးမွှားတွေ ၀င်မလာအောင်လည်း ကာကွယ်ပေးပါတယ်။ သကြားဓါတ်အစားများရင်တော့ အဲဒီလိုလုပ်ဆောင်ပေးနိုင်စွမ်း မရှိတော့ပါဘူး။ ပြင်ပက ၀င်လာတဲ့ ကပ်ပါးကောင်တွေ၊ မှိုတွေက သကြားဓါတ်ကို အင်မတန်ကြိုက်တာမို့ ခန္ဓာကိုယ်ထဲမှာ ပေါက်ဖွါးနေပြီး သင့်ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ သကြားဓါတ်ဟာ ၀မ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းနဲ့ လေရောဂါတို့ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။

သကြားဓါတ်က သင့်ကို ဒေါသထွက်စေတယ်

သကြားများများ စားတဲ့သူတွေဟာ ပြင်းထန်တဲ့ အပြုအမူ၊ တုံ့ပြန်မှုတွေ လုပ်တတ်လေ့ရှိပါတယ်။ အာရုံပျံ့လွင့်ခြင်း၊ ပုံမှန်ထက် ပိုလှုပ်ရှားနေခြင်း စတဲ့ လက္ခဏာတွေ ရှိနေတဲ့ ကလေးတွေမှာဆိုလည်း သကြားဓါတ်ကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သကြားဓါတ်က သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေတယ်။
သကြားအားများခြင်းက သင့်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို လျော့ကျစေတယ်။ သကြားအစားများခြင်းအားဖြင့် ခုခံအားစနစ်ရဲ့ ၄၀ ရာခို်င်နှုန်း လျော့ကျသွားပါတယ်။ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်တွင်း ဗီတာမင် စီ သိုလှောင်ထားမှုကို ဖျက်စီးပစ်ပြီး သွေးဖြူဥတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို နည်းစေပါတယ်။ ရောင်ရမ်းမှုများကို အလွယ်တကူ ဖြစ်စေနိုင်ပြီး အင်မတန်မှကို သေးငယ်တဲ့ ရောင်ရမ်းမှုကတစ်ဆင့် များပြားလှတဲ့ ရောဂါတွေ ဆက်ဖြစ်လာနိုင်ပါတယ်။သကြားဓါတ်က အယ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တယ်

သုတေသန တွေ့ရှိချက်တွေအရ ခန္ဓာကိုယ်ထဲမှာ များပြားလှတဲ့ သကြားဓါတ်တွေကြောင့် သတိမေ့တတ်တဲ့ အယ်ဇိုင်းမားရောဂါ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၃ မှာ လုပ်ထားတဲ့ တွေ့ရှိချက်အရ သွေးထဲသကြားဓါတ်များတဲ့ အခြေအနေနဲ့ အာရုံကြောစနစ် ပျက်စီးပြီး အယ်ဇိုင်းမားဖြစ်နိုင်ချေဟာ ဆက်စပ်နေတာကို တွေ့ရပါမယ်။
သကြားဓါတ်က မှတ်ဉာဏ်ကိုလည်း နည်းစေတယ်။
သကြားအလွန်အကျွံစားခြင်းဟာ သင့်ရဲ့ မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ မှတ်ဉာဏ်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့၊ ဦးနှောက်မှာ ရှိတဲ့ Hippocampus လို့ ခေါ်တဲ့နေရာဟာ သကြားအစားများတဲ့သူတွေမှာ သေးသွားတတ်တယ်လို့ တွေ့ရှိချက်တစ်ခုကလည်း ဆိုထားပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဟယ်လိုဒေါက်တာ သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly