ချင်းပြည်နယ်ခရီးသွားလုပ်ငန်း မြင့်တင်ရေးအတွက် တီးတိန်မြို့နယ်တွင် ချင်းရိုးရာ ဇိုမီး ခွာဒိုပွဲကျင်းပ

ချင်းပြည်နယ်ခရီးသွားလုပ်ငန်း မြင့်တင်ရေးအတွက် တီးတိန်မြို့နယ်တွင် ချင်းရိုးရာ ဇိုမီး ခွာဒိုပွဲကျင်းပ
ဓာတ်ပုံ - သက်ကို

 

တီးတိန်၊ နိုဝင်ဘာ ၄ ။                   ။ ချင်းပြည်နယ်ခရီးသွားလုပ်ငန်းဖွံဖြိုးရေးကိုရည်ရွယ်သောအားဖြင့် ချင်းပြည်နယ် တီးတိန်မြို့တွင် ချင်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် ခွာဒိုပွဲကိုကျင်းပနေသည်။

 အစိုးရသစ်လက််ထက် တွင် တစ်ကျော့ပြန်ကျင်းပသည့် ချင်းလူမျိုးများ၏ ရိုးရာခွာဒိုပွဲ တော် (ခေါ်) နှစ်သစ်ကူးပွဲတော် ကို နိုဝင်ဘာ ၃ ရက်နှင့် ၄  ရက်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့ ဆိုင်းဇံကျေးရွာ၌ ကျင်းပနေခြင်းလည်းဖြစ်သည်။

“ ခွာဒိုပွဲ ကျင်းပပြုလုပ်ရခြင်း ရဲ့အဓိကရည်ရွယ်ချက်ကတော့ ချင်းပြည်နယ် ခရီးသွားလုပ်ငန်းမြင့်တင်ရေးအတွက် ရည်ရွယ်ပြီးဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားများအတွက်   ကောက်ရိတ်သိမ်းပွဲ ကျေးဇူးတော်ချီးမွမ်းတဲ့အချိန်အခါသမယဖြစ်ပါတယ် “ ဟု  ပြည်နယ်စည်ပင်၊ လျှပ် စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

အဆိုပါပွဲတော်နှင့်အတူ ပြည်နယ်အတွင်း ခရီးသွားလာရေးလုပ် ငန်း မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာနက ပူးပေါင်း ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

 ပွဲတော်စတင်ကျင်းပသည့် နိုဝင်ဘာ ၂ ရက်နေ့တွင် ခွာဒိုရိုးရာပျားဖွပ်ခြင်းနှင့် မီးထွန်းခြင်း၊ ရိုးရာအ ကများဖြင့် တင်ဆက်ခြင်း၊ ဒေသတွင်း အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်း၊   ခေတ် ပေါ်တေးဂီတများဖြင့်ဖျော်ဖြေ ခြင်းစသည့် အစီအစဉ်တို့ဖြင့် တင်ဆက်ခဲ့သည်။

၂၀၁၆ ချင်းရိုးရာခွာဒိုပွဲတော် ကို တီးတိန်မြို့နယ် လိုင်လိုးကျေး ရွာ၌ ကျင်းပခဲ့ပြီး ယခု နှစ်တွင် ဆိုင်းဇန်ရွာ ၌ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်သည်။ ၂၀၁၆ ခွာဒို ပွဲတော်တွင် ဧည့်သည် ၅၀ နှင့် ၁၀၀ ကြားသာ လာရောက်ကြောင်းဝန်ကြီး ဆ လိုင်းအိုက်ဇက်ခင်ကပြောဆိုခဲ့သည်။ ယခုနှစ်တွင် ဒေသခံများအပါအဝင် လူခြောက်ရာခန့် လာရောက်ဆင်နွဲသည်ကို တွေ့ရသည်။

“ ကျွန်မကြံုခဲ့တဲ့ ခွာဒိုပွဲထဲမှာတော့ အခုနှစ်ကအစည်ဆုံးပဲ “ ဟု တီးတိန်မြို့နယ် ဆိုင်းဇန်ရွာ ဒေသခံ မကိုင်းဂိုးမန်း ကဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ သည် ၂၀၁၆ ဧပြီကစ၍ ခရီးသွားလာရေး လုပ်ငန်းကို ပြည်နယ်၏ အဓိက ဦးစားပေးလုပ်ငန်း အ ဖြစ် စီစဉ်ဆောင်ရွက်ပြီး လက်ရှိတွင် ကန်ပက်လက်မြို့အ ပါအဝင် မြို့အချို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်းစတင် အကောင်အထည်ဖော်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly