ပိတ်စွယ်၊ ပုစွန် ချဉ်ငံစပ်

ပိတ်စွယ်၊ ပုစွန် ချဉ်ငံစပ်

 

 

မင်္ဂလာပါ

ဒီတပတ်​​တော့ ပိတ်​စွယ်​လို့​ခေါ်တဲ့ အပင်​ တမျိုးကို ချဉ်​ငံစပ်​​လေးချက်​စားဖြစ်​ပါတယ်​။ ​ဒေသတချို့မှာ​တော့ ဝက်​လံပင်​၊ ဆီမီးတိုင်​ပင်​လို့လည်း ​ခေါ်ပါ​သေးတယ်​။ သူ့အရသာက ချိုပါတယ်။​

ဒီဟင်​း​လေးချက်​ဖို့လိုအပ်​တာက​တော့ -
ပိတ်​စွယ်​ အနည်​းငယ်
​ ပုဇွန်​ဆိတ်​ (ဆားနနွင်​းနယ်​ထား)
မကျီးသီးစိမ်​း
ခရမ်​းချဉ်​သီး
ငရုတ်​သီးမှုန်​့
ငရုတ်​သီးစိမ်​း
 မျှင်​ငပိ
ကြက်​သွန်​နီ
 ကြက်​သွန်​ဖြူတို့လိုအပ်​ပါတယ်​။
 အရင်​ဆုံး မကျီးသီးစိမ်​း၊ ခရမ်​းချဉ်​သီး၊ ငရုတ်​သီးမှုန်​့၊ ငရုတ်​သီးစိမ်​း၊ ကြက်​သွန်​နီ ကြက်​သွန်​ဖြူတို့ကို ​ထောင်​းထားပါ။


 

ပိတ်​စွယ်​နုနု​လေး​တွေကို အ​နေ​တော်​လှီးပြီး ဆား၊ နနွင်း နယ်​ထားတဲ့ ပုဇွန်​ဆိတ်​ထည်​့ပါ။ မျှင်​ငပိထည်​့ပါ။ငရုတ်​သီး​ထောင်​းထားတာထည်​့ပါ။ ဆီ လဖက်​စားဇွန်​း တဇွန်​းစာထည်​့ပါ။

 ပြီးရင်​​တော့ လုံးချက်​ပုံစံ​လေးချက်​ပါ။ ​ရေအများကြီးမထည်​့ရပါဘူး။ ​ရေကို​ရေ​နွေးကြမ်​းပန်​းကန်​လုံးတစ်​လုံးစာထည်​့ပြီးအဖုံးအုပ်​ချက်​ပါ။

 ​ရေခမ်​းပြီး ပိတ်​စွယ်​နူးပြီဆိုရင်​​တော့ ချဉ်​ငံစပ်​အရသာနဲ့ ဟင်​းတခွက်​ရပါပြီ။

 ဆီလည်​းအများပြီးမပါလို့ ဆီများများနဲ့ဟင်​းချက်​မစားချင်​သူ​တွေအတွက်​လဲ စရိတ်​နည်​းနည်​းနဲ့ ထမင်​းမြိန်​မယ်​့ဟင်​းတမယ်​ပါ။

 ပေစိလက်​ရာအစီအစဉ်​ကို စ​နေ​နေ့ ည​နေတိုင်​း တင်​ဆက်​​ပေးမှာဖြစ်​လို့ အားလပ်​ရက်​မှာ တ​ပျော်​တပါး ချက်​ပြုတ်​စားနိုင်​ကြပါပြီ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly