မြန်မာနိုင်ငံသားတစ်ဦးပါ၀င်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့ကို အိန္ဒိယ ဖော်ထုတ်ဖမ်းဆီး

မြန်မာနိုင်ငံသားတစ်ဦးပါ၀င်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့ကို အိန္ဒိယ ဖော်ထုတ်ဖမ်းဆီး

 

နိုဝင်ဘာ ၄ ။              ။ စိတ်ကြွဆေးအမျိုးအစားတစ်ခုဖြစ်တဲ့ methamphetamine crystal meth ဆေးဝါးတွေ ထုတ်လုပ်နေတဲ့ နိုင်ငံတကာ မူးယစ်အဖွဲ့တစ်ခုကို အိန္ဒိယရဲ့ ဒေလီ အထူးတပ်ဖွဲ့က ဖြိုခွဲဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဂိုဏ်းမှာတော့ မြန်မာနိုင်ငံသားတစ်ဦးလည်း ပါ၀င်နေပြီး ယင်းအဖွဲ့ထံကနေ Meth ပြုလုပ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတုဆေးတစ်ခုဖြစ်တဲ့ pseudoephedrine ၄၃၈ ကီလိုဂရမ်ခန့် (စျေးကွက်တန်ဖိုး ရူပီ ကုဋေ ၅၀) ခန့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ သုံးဦးကတော့ မြန်မာနိုင်ငံ ချင်းပြည်နယ်က အသက် ၄၆ နှစ်ရှိ ဆန်းမောင် ၊ အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ် Ghaziabad မြို့ က အသက် ၅၁ နှစ်ရှိ Sunil Goyal Alias Mukeseh နဲ့ Vasant Kunj အရပ်က အသက် ၂၂ နှစ်ရှိ Sumit တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

၎င်းတို့သုံးဦးဟာ ယင်းတရားမဝင် မူးယစ်ဆေးထုတ်လုပ်ရေးလုပ်ငန်းကို ဒေလီ၊ အရှေ့မြောက်ပြည်နယ်တွေနဲ့ မြန်မာနိုင်ငံကြားမှာ လုပ်ကိုင်နေခဲ့တာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

Meth ထုတ်လုပ်ဖို့ super labs ဓာတ်ခွဲထုတ်လုပ်ခန်းတွေကိုတော့ မြန်မာနိုင်ငံမှာ ထူထောင်ထားတယ်ဆိုပြီး ဒေလီအထူးတပ်ဖွဲ့က တာဝန်ရှိသူ Pramod Kushwash က ပြောပါတယ်။

" စုံစမ်းစစ်ဆေးသူတွေ ပါ၀င်တဲ့ အထူးအဖွဲ့တစ်ခုကို ခုလို တရားမဝင် မူးယစ်အဖွဲ့တွေနောက် လိုက်စုံစမ်းဖို့ တာဝန်ပေးခဲ့ပါတယ်၊ အဲဒီနောက် ဒီအဖွဲ့မှာ အဓိကလှုပ်ရှားနေတဲ့ Sumit ရဲ့ သတင်းရပါတယ်၊သူ့ကို နယူးဒေလီ ဘူတာရုံမှာ ဖမ်းမိခဲ့တာပါ" လို့ Kushwash က ပြောပါတယ်။

ယင်းနောက် Sumit ဆီကနေ မူးယစ်ဆေး ၃၄၀ ဂရမ် သိမ်းဆည်းရမိခဲ့ပြီးနောက် ၎င်းကို ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာမှာတော့ မြန်မာဘက်နဲ့ အချိတ်အဆက်ရှိကြောင်း သိရပြီး ယင်းနောက် မြန်မာနိုင်ငံက ဆန်းမောင် ကို အိန္ဒိယအထူးတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly